🌻

5 0 0
                                    

တစ်မေ့တစ်မော ငေးကြည့်နေချင်လို့
ပြုံးနေပေးပါ...

နာမည်လေး ခပ်တိုးတိုးရေရွတ်မိတဲ့အခါတိုင်း
ပုံရိပ်လေး ထင်ဟပ်လာမယ့်အထိ
နှလုံးသားကကော ဦးနှောက်တွေကပါ
မှတ်မိနေအောင် တစ်စိမ့်စိမ့်ကြည့်နေချင်တာမို့
မသိချင်ဟန်ဆောင်ပေးပါ

ခင်ဗျားပြုံးနေ ရယ်နေတာက
တစ်ပါးသူ စိတ်ချမ်းသာစေတာမို့
ခင်ဗျားကြီးကုသိုလ်ရပါတယ်
နောက်ဘဝများ အခုထက် ပိုအချစ်ခံရနိုင်တာပေါ့

ခင်ဗျားက ကျွန်တော့်အတွက် နေမင်းကြီး
ကျွန်တော်က ခင်ဗျားရှိနေရာအရပ်ကိုပဲ မျက်နှာမူမယ့် နေကြာပေါ့

နေမင်းကြီးနဲ့ဆုံဆည်းခွင့် မရှိဘူးဆိုတာ
နေကြာလေး နားလည်ပေမယ့်
နေမင်းကြီးရဲ့အလင်းမရှိရင်
နေကြာလေး မရှင်သန်နိုင်ဘူးမဟုတ်လား

ကျွန်တော်ပြောပါပြီကော
ကျွန်တော်ကနေကြာတစ်ပွင့်ဆိုရင်
ခင်ဗျားက နေမင်းကြီးပါလို့..
ခင်ဗျားအပြုံးတွေနဲ့
ဆက်ဆက်ရှင်သန်နေမယ့်နေကြာ..
ပန်းတစ်ပွင့်လို ကျွန်တော်
မနူးညံ့တတ်ခြင်းတွေမှလွဲ၍ပေါ့လေ........

2020_Rhythm Tempat cerita menjadi hidup. Temukan sekarang