1

36.7K 1.7K 85
                                    

သစ်ပင်သစ်ရွက်လေးတွေနဲ့စိမ်းစိုနေတဲ့နေရာလေးတစ်ခု........

တောင်ကုန်းပုလေးရဲ့ထိပ်နားလေးမှာ သစ်ပင်ကြီးတစ်ပင်က အရိပ်ပေးနေပြန်သည်.........အစိမ်းရောင်သစ်ရွက်လေးများကြားမှ ရောင်စုံပန်းပွင့်လေးများကလည်း ဟိုတစ်ပွင့်ဒီတစ်ပွင့်ဖြင့် လှသွေးကြွယ်နေကြသည်.......

"မင်း ဒီနေရာလေးကိုမှတ်မိသေးလား”

အဆက်အစပ်မရှိမေးလားေသာ ဂျောင်ကု ကြောင့် ထယ်ယောင်းအမြန်ပင် သဘာဝလေကိုခံစားနေရာမှ ဂျောင်ကု ကိုလှည့်ကြည့်လိုက်သည်....ဂျောင်ကုမျက်လုံးများကတော့ထယ်ယောင်းကိုကြည့်မနေခဲ့ပါ သူ့ရှေ့တည့်တည့်ကိုသာ အဓိပ္ပါယ်ကင်းမဲ့စွာ ကြည့်နေသည်.......

" မှတ်မိတာပေါ့ ငါတိူ့ငယ်ငယ်တုန်းက ဒီနေရာလေးမှာပဲစတွေ့ခဲ့ကြတာလေ ပြီးတော့ဒီနေရာလေးမှာလည်းငါတို့စခင်ခဲ့ကြတယ်လေ”

"Omm”

"အခုတော့ အားလုံးပြောင်းလဲကုန်ပေမယ့် ဒီနေရာလေးကတော့မပြောင်းလဲဘဲ ဒီအတိုင်းရှိသေးတယ်နော်”

"ငါကို ကျောင်းပြီးရင် အိမ်က ဆယ်ရီနဲ့လက်ထက်ပေးတော့မယ်တဲ့”

"ဟင်”

လေပြေလေညှင်းလေးများကလည်း ဝမ်းနည်းဖွယ်တေးသွားအလား တိုက်ခိုက်လာသည်......

"ဟုတယ် ငါတို့ကျောင်းပြီးဖို့ကလည်းနောက်2 နှစ်လောက်ပဲလိုတော့တယ်လေ”

"ကောင်းပါတယ် မင်းနဲ့လိုက်ဖက်တယ် ဆယ်ရီက စိတ်ထားကောင်းတဲ့ကောင်မလေးတစ်ယောက်ပါ မင်းကိုလည်းအဲ့လိုလက်ထက်ပေးတော့မှပဲ ခြေငြိမ်သွားမှာ အခုတော့တစ်ယောက်ပြီးတစ်ယောက်တွဲနေတာ ယောကျာ်းလေးတွေကိုတောင်မရှောင်ဘူး”

"အဲ့တာ ဘာကြောင့်လဲ မင်းမသိပါဘူး ထယ်ယောင်း”

"...........”

ထယ်ယောင်းလည်း ဆက်မမေးဖြစ်တော့ဂျောင်ကု ကိုသာကြည့်နေလိုက်သည်.......ရင်ထဲမှာတော့နာကျင်နေပေမယ့် အတုအယောင်ပြုံးနိုင်ခဲ့ပါသည်.......

"ပြန်ကြမလား ဂျောင်ကု”

"ပြန်ကြတာပေါ့ ”

Be Mine(Complete)Where stories live. Discover now