ထယ်ယောင်းတိူ့ကျောင်းမှာလေးနှစ်တစ်ကြိမ် ဆရာတွေနဲ့အတူအမှတ်တရလုပ်တဲ့ပွဲတစ်ခုကျင်းပလေ့ရှိသည်.......ထိုပွဲတွေ ကစားချင်သူများအတွက်ပြိုင်ပွဲတွင်ဝင်ပြိုင်ခွင့်ရှိသည်....ပြိုင်ပွဲအမျိုးအစားတွေကလည်းစုံလင်လှသည်.... အနိုင်ရသူက ဆရာ ဆရာမပေးတဲ့ဆုကိုရမည်.....ဆုကတော့ မည်သူမျှမပြောပြပေ လျို့ဝှက်ချက်အဖြစ်ထားထားကြသည်.......
အစားအစာစိတ်ဝင်စားသူများအတွက်ကလည်း အစားစာတွေချည်းပဲရောင်းပေးတဲ့လမ်းကြောင်းတစ်ကြောင်းပြင်ဆင်ထားပေးသည်..... ပန်းအလှဆင်သူများအတွက် ကျောင်းဥယျာဉ်မှာစိတ်ရှိပန်းများခူးပြီးအလှဆင်ခွင့်ရှိသည်...သို့သော် ထိုနေ့တစ်ရက်တည်းသာ ကျောင်းဥယျာဉ်ထဲကပန်းများကိုခူးခွင့်ရှိသည် ကျန်တဲ့နေ့တွေကတော့ ထိုပန်းဥယျာဉ်ထဲခြေဦးတောင်မလှည့်ရ......
လှေစီးစိတ်ဝင်စားသူများအတွက်လည်း ကျောင်းနောက်ဘက်မကျယ်တကျယ် ရေကန်ထဲမှာ လှေများထားပေးထားသည်.... Danceစိတ်ဝင်စားသူများအတွက် Dance floorမှာ လွတ်လွတ်လပ်လပ် ကချင်သလိုကခွင့်ရှိသည်......ပန်းချီစိတ်ဝင်စားသူများအတွက်လည်း တတ်နိုင်သလောက်နာမည်ကြီးပန်းချီဆရာတွေရဲ့ ပန်းချီပုံတွေကိုပြခန်းသဖွယ်ထားထားသည်.....သီချင်းဆိုချင်သူများအတွက်လည်း ကာရာအိုကေခန်းလို လုပ်ပေးထားသည်....
ဂီတာတီးချင်သူများအတွက်ကတော့ကြိုက်တတ်နေရာမှာလွတ်လွတ်လပ်လပ်တီးခွင့်ရှိသည်......ကိုယ့်ဝါသနာပါရာ စိတ်ဝင်စားရာအသီးသီးကို ကျောင်းထဲတွေမျိုးစုံလုပ်ပေးထားတတ်သည်... ထို့သို့သောအရာတွေကပင် ထယ်ယောင်းတို့ကျောင်းရဲ့ထူးခြားမူတွေထဲကတစ်ခု....တခြားကျောင်းတွေနှင့်မတူ....သို့သော် လေးနှစ်မှတစ်ကြိမ်သာကျင်းပလေ့ရှိသည်.....ကျောင်းထဲကိုလည်းဝင်ချင်တိုင်းဝင်လိူ့မရပေ....ပွဲတက်တဲ့ကဒ်ပြားလေးပါမှသာ ဝင်ခွင့်ပြုသည်....
"ထယ် ဟိုရောက်ရင် မောင်ဘေးနားမှာပဲနေနော် လျှောက်သွားမနေနဲ့ ဒီနေ့ကလူရူပ်မှာ"
"ဂျောင်ကု ငါမင်းဘေးနားမှာပဲရှိမှာပါ"
အိမ်ကထွက်လာထဲက ဘေးကနေပွစိပွစိလုပ်လျှက်ရှိသော ဂျောင်ကု ကြောင့် ထယ်ယောင့းနားတကယ်ပင် မခံနိုင်တော့ပေ........
YOU ARE READING
Be Mine(Complete)