ထယ်ယောင်းအခန်းထဲရောက်တော့ရေမိုးချိုးပြီး ညစာစားမို့အပြင်ထွက်ရန်ဂျောင်ကု ကိုစောင့်နေလိုက်သည်.....ဂျောင်ကု ရေမိုးချိုးပြီး အဝတ်အစားလဲပြီးတော့ထယ်ယောင်းလှည့်ကြည့်လိုက်တော့ အောက်ကဘောင်းဘီအပွကိုအပေါ်က အကျီလက်ရှည်အပွနှင့်တွဲဝတ်ထားသည်...ရေစိုနေသောဆံပင်များက ဂျောင်ကု မျက်နှာထက်.....ထယ်ယောင်း ဂျောင်ကု နှင့်ဘယ်လောက်ရင်းနှီးနှီးဘယ်လောက်ပဲတွေ့ရတွေ့ရ ဂျောင်ကု ကသူ့ကိုအမြဲငေးရအောင်လုပ်နိုင်သည်.....
"ထယ် မောင်ခေါင်းကိုရေမသုတ်ပေးချင်ဘူးလား”
"တံဘတ်ယူလာခဲ့လေ”
ဂျောင်ကုလည်းထယ်ယောင်းစကားဆုံးသည်နှင့် တံဘတ်ယူကာ ထယ်ယောင်းထိုင်နေသောနေရာကိုသွားလိုက်သည်...ထယ်ယောင်းလည်း ဂျောင်ကု ကိုကုတင်ပေါ်မှာထိုင်စေပြီး သူကတော့ဒူးထောက်ကာ ဂျောင်ကု ခေါင်းကရေတွေကိုသုတ်ပေးနေသည်...
"ထယ်”
"ပြော ဂျောင်ကု”
"ထယ်ကို မောင်ချစ်တာ ယုံတယ်မလား”
"ယုံတယ်”
"ထယ်မောင်ကိုချစ်တာလည်း မောင်ယုံတယ်”
"Omm”
"မောင်တို့ တသက်လုံးမခွဲဘူးနော် ကျောင်းပြီးရင် ထယ်ကို.....”
"ဂျောင်ကု ခေါင်းကရေခြောက်သွားပြီ လာ ညစာစားဖို့သွားရအောင်”
ထယ်ယောင်း ဂျောင်ကု စကားကိုတမင်ဖြတ်ပြောလိုက်ခြင်းကို ဂျောင်ကုရိပ်မိပါသည်.......
"ငါတို့တသက်လုံးအတူနေရမှာမဟုတ်ဘူးဆိုတာ မင်းမသိတာလား မသိချင်ယောင်ဆောင်နေတာလား ဂျောင်ကု ရာ”
ထယ်ယောင်းလည်းတိုးတိုးလေးဆိုပြီး သက်ပြင်းသာချလိုက်မိသည်....သူတို့အနာဂတ်ကိုလည်းကြိုမတွေးချင် အတိတ်ကိုလည်းပြန်လည်မတွေးချင်တော့ လက်ရှိ ပစ္စုပ္ပန်ကသာ သူတို့နှစ်ယောက်အတွက်အကောင်းဆုံးဖြစ်မည်ထင်တယ်......
ဂျောင်ကုတို့လည်းဂျီမင်တို့အခန်းကိုသွားတော့ဂျီမင်တို့မရှိတော့ ဟိုဆော့အခန်းသွားပြန်တော့လည်း ဟိုဆော့ကမရှိ....ဒါနဲ့ပဲ ဂျင်နဲ့နမ်ဂျွန်းအခန်းသွားပြန်တော့လည်း မရှိပြန်...ဂျောင်ကု လည်း ကျွတ်ဆိုပြီးအသံ တစ်ချက် ထွက်လာသည်...ပြီးနောက် ထယ်ဘက်ကိုလှည့်၍.....
YOU ARE READING
Be Mine(Complete)