17

6.5K 729 65
                                    

ဖြူဖွေးနေသောအသားအရည်ထက် Shirtအကျီအဖြူရောင်ကိုဘောင်းဘီအဖြူနှင့်တွဲဝတ်ထားသော ဂျောင်ကု မှာ အရင်ကထက်ပိုပြီးသန့်နေသယောင်.....အရင်လိုဆံပင်တွေကိုလှန်မတင်ထားဘဲ နဖူးပေါ်ခပ်အုပ်အုပ်ကျနေသော ဆံပင်အနေအထားကပင် ဂျောင်ကု ရဲ့စွမ်းဆောင်ရည်တစ်ခုဖြစ်နေသယောင်.......

ဒီနေ့ဂျောင်ကု တို့ကျောင်းမှာ အကုန်လုံးကအပေါ်ကောအောက်ကောအဖြူတွေပဲဝတ်လာရမည်....ဒါကလည်း ကျောင်းရဲ့နှစ်ပတိလည်နေ့မှာလုပ်နေကြအစဥ်အလာတစ်ခု...သူတို့အတွက်တော့မထူးဆန်းတော့ပေ....

ဂျောင်ကု ထယ်ယောင်းအိမ်သို့ထွက်လာခဲ့သည်..ကျောင်းသွားဖို့ထယ်ယောင်းကိုအိမ်ထဲဝင်ခေါ်တော့မှ....အပေါ်ထပ်မှထယ်ယောင်းကဝုန်းဒိုင်းကြဲဆင်းလာသည်....

ဂျောင်ကုထယ်ကိုငေးကြည့်နေမိသည်......T-shirtအကျီကိုဘောင်းဘီတိုနှင့်တွဲဝတ်ထားသောထယ်ယောင်းပုံစံမှာ ဆွဲ​ဆောင်ရည်ရှိလွန်းလှသည်.....အပေါ်ဖြူအောက်ဖြူနှင့်ထယ်ယောင်းမှာ နတ်သားတစ်ပါးအလားပင်ချောမောလွန်းနေသည်......

"ဂျောင်ကု ငါ့ကိုခဏစောင့်အုံး မနက်စာမစားရသေးဘူး ”

"ရပါတယ် ထယ်ရဲ့ မောင်စောင့်ပေးနိုင်တယ်”

ထယ်လည်းစားပွဲဝိုင်းပေါ်သူ့အမေလုပ်ပေးခဲ့သော ပေါင်မုန့်ကြက်ဥကြော်ကိုသာစားလိုက်သည်...ကော်ဖီကတော့ငယ်ငယ်ထဲကမသောက်တတ်၍အခုအရွယ်ထိမသောက်........အရသာကိုလည်းထယ်ယောင်းမကြိုက်သောကြောင့်လည်းမသောက်ဖြစ်တော့တာဖြစ်မည်.....

"ဂျောင်ကု ငါ့ကိုပဲထိုင်ကြည့်မနေနဲ့”

"ထယ်ကိုထိုင်မကြည့်ဘဲ မောင်ကဘယ်သူ့ကိုကြည့်နေရမှာလဲ”

"ငါပြောတာ မင်းလည်း ပေါင်မူန့်ကြည်ဥကြော်စားအုံးလို့”

ထယ်ယောင်းပါးစပ်ကစားလည်းစားပြောနေပြောနေတော့ စကားသံတောင်တစ်ချက်တစ်ချက်မပီ......

"အဲ့ဒါဆိုခွံကျွေးလေ”

ဂျောင်ကု စကားကြောင့်ထယ်ယောင်းမှာသီးချင်သလိုတောင်ဖြစ်သွားရသည်.....ကျောင်းချိန်နောက်ကျနေရတဲ့ကြားထဲ လူကိုလာကျီစားနေသေးသော ဂျောင်ကု ကို ထယ်ယောင်းဘာမှပြန်မပြောတော့ဘဲ ကိုယ့်ဘာသာပဲ စားလိုက်တော့သည်.....

Be Mine(Complete)Dove le storie prendono vita. Scoprilo ora