ထယ်တို့လည်းမနက်စာစားနေတုန်း ရုတ်တရပ်ထပြောသော ဟိုဆော့စကားကြောင့် အကုန်လုံးမျက်နှာရူံမဲ့သွားကြသည်....
"ငါတိူ့တွေ ဒီညမှာပဲ အိမ်ပြန်ကြမယ်”
"ဟိုဆော့hyungကလည်း ပျော်စရာကြီးကို မပြန်ချင်သေးဘူး”
"မပြန်လို့မရတော့ဘူး ဂျီမင်ရဲ့hyungအလုပ်တွေကိုဒီတိုင်းထားခဲ့ရတာ”
"ပြီးရောဗျာ ”
"ဒါနဲ့ ဟိုဆော့အစ်ကိုပြန်မယ်ဆိုရင် နေ့လယ်လောက်ပြန်ကျမယ် ညဘက်ဆိုတော့ အန္တရာယ်များတယ်လေ ”
"ကလေး သဘောလေ”
ဂျောင်ကုကိုလှည့်ကြည့်လိုက်တော့ မျက်နှာကြီးကဆူပုတ်လျက်......
ထမင်းစားပြီးတော့ အကုန်လုံးအသီးသီးထွက်သွားကြတော့ ဂျောင်ကု နှင့်ထယ်ယောင်းလည်း ကမ်းခြေဘက်ကိုပဲထွက်လာခဲ့သည်.....လမ်းတစ်လျှောက် ဂျောင်ကု ကစကားမဆို....."ဂျောင်ကု ငါ့ကိုစိတ်ဆိုးနေတာလား”
"........”
"ဂျောင်ကု ဘာစိတ်ဆိုးနေတာလဲ”
"........”
"မောင် ထယ်စိတ်မရှည်တော့ဘူးနော်”
"ထယ်က ပြန်ဖို့ကိုဘာလို့ သဘောတူလိုက်တာလဲ”
"အစ်ကိုဟိုဆော့ကအလုပ်နဲ့လေ သဘောမတူလို့ရမလား”
"ဒါပေမယ့် ေမာင်တို့နှစ်ယောက်တည်းကျန်ခဲ့လို့ရတာပဲလေ”
"မကောင်းဘူးလေ အသွားတုန်းကကျတော့ အတူတူလာပြီး အပြန်ကျ ကျန်နေခဲ့တော့ဘယ်ကောင်းပါ့မလဲ”
"ထယ် သူများအတွက်ပဲ ကြည့်မနေနဲ့ ကိုယ့်အတွက်ကိုယ် နည်းနည်းပါးပါးပြန်ကြည့်အုံး”
"စိတ်မဆိုးပါနဲ့နော် ထယ်ကတိပေးတယ် နောက်တစ်ခါ မောင်နဲ့ထယ် နှစ်ယောက်တည်းပင်လယ်ကိုပြန်လာမယ်လေ”
"တကယ်နော် ကတိ”
"Omm တကယ်ပြောတာ”
ထယ်လည်း ဂျောင်ကု ကိုပြန်ချော့လိုက်သည်...သူတို့တွေ တွေ့ဆုံဖို့ကနောက်ထပ် 2နှစ်ပဲ ကျန်တော့သည်...တစ်နည်းပြောရရင်ကျောင်းပြီးဖို့ ကျောင်းပြီးရင် ဂျောင်ကုဒါရီနဲ့လက်ထပ်ရမည်....ဟူးးးးးးးးအတွေးတွေကိုရပ်လိုက်ရင်းလက်ရှိနေရာကိုပဲစိတ်ကိုပြန်ကပ်လိုက်သည်.....
နေ့လယ်ပိုင်းရောက်တော့ ဟိုတယ်မှာပဲနေ့လယ်စာစားပြီး အခန်းပြန်အပ်ကာ ကားလေးကတော့ အိမ်သို့ဦးတည်လျက်...
YOU ARE READING
Be Mine(Complete)