ထယ်ယောင်းတို့လည်းရေထဲမှာဘောလုံးပုတ်လိုက် တစ်ယောက်နဲ့တစ်ယောက်ရေနဲ့ပက်လိုက် လိူင်းလုံးတွေလာရင် ရေအာက်ရောက်သွားလိုက်နဲ့ပျော်နေကြသည်....ထိုအချိန် ထယ်ယောင်းတစ်ယောက် ဂျီမင်ရေနဲ့လှမ်းပက်၍နောက်ကိုဆုတ်လိုက်ရာ နောက်ကလူတစ်ယောက်နဲ့ဝင်တိုက်မိသည်......ထိုလူလည်းထယ်ယောင်းလိုပင် နောက်ဆုတ်ရင်းမမြင်ဘဲကျောချင်းထိသွားမိသည်....နှစ်ယောက်လုံးလှည့်ကြည့်လိုက်တော့.......
" မနက်တုန်းက အခန်းမှားသွားတဲ့hyungမလား”
"ေအာ် မင်းတို့ကို”
"ကျွန်တော်တို့နဲ့ရေလာဆော့ပါလားhyung hyungတို့နှစ်ယောက်တည်းဆိုတော့ပျင်းဖို့မကောင်းဘူးလား”
"တကယ်ဆော့လို့ရတာလား”
"ရတာပေါ့ ကျွန်တော်တို့မှာငါးယောက်ပဲ ရှိတာ hyungတို့လာရင်ပိုပျော်ဖို့ကောင်းသွားမှာ”
"Namjoonရေသွားဆော့ရအောင်နော်”
"Jin hyungသဘောပဲလေ”
ဂျင်နှင့်နမ်ဂျွန်းတိူ့လည်းထယ်ယောင်းတို့နှင့်အတူတူရေဆော့ကြသည်....တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်လိုက်ကြသည်....ဂျင်နှင့်နမ်ဂျွန်းက ဒီပင်လယ်ဘက်ကို ဟန်းနီမွန်း ထွက်လာခြင်း.....ကြင်စဦးလင်လင်နှစ်ယောက်ပေါ့.......သူတို့အဲ့လိုပြောတုန်းက ထယ်ယောင်းတို့အဖွဲ့ကိုအံသြပြီး သူတို့ကိုကဲ့ရဲ့မယ်လို့ထင်ခဲ့ပေမယ့် မအံသြတဲ့အပြင် အားကျတယ် လေးစားတယ်ဖြင့် ချီးကျူးခံနေရသည်....နောက်မှာသိလိုက်ရသည်က ယွန်းဂီဆိုသူနှင့်ဂျီမင်နဲ့က ချစ်သူတွေဖြစ်သလို ဂျောင်ကု နဲ့ထယ်ယောင်းနဲ့ကလည်းချစ်သူတွေတဲ့......ဟိုဆော့ကတော့ တစ်ယောက်တည်းပေမယ့် ဘယ်သူ့ကိုမှမကနိ့ကွပ်ခဲ့...အဓိက ကတစ်ယောက်နဲ့တစ်ယောက်ချစ်နေဖို့ပဲလေ....အချစ်စစ်မဟုတ်ဘဲ အပျော်တွဲရင်တော့ သူလည်းဒီတိုင်းငြိမ်မခံ...သူဝင်ပါမှရမည်.....သို့သော်အခု အတွဲသုံးတွဲကတစ်ယောက်နဲ့တစ်ယောက်တကယ့်အချစ်စစ်နဲ့ချစ်ကြတာ သူ့မျက်မြင်ကိုယ်တွေ့ပဲလေ အဲ့တော့လည်းဟိုဆော့ဝင်ပါစရာမလိုတော့......ဂျင်နှင့်နမ်ဂျွန်း ခဏလေးအတွင်းသိလိုက်ရသည်က ထယ်ယောင်းတို့အဖွဲ့သည်ပွင့်လင်းသည်...ပျော်ပျော်နေတတိသည်.....ကလေးဆန်ကြသည်...ယွန်းဂီဆိုတဲ့တစ်ယောက်ကတော့ တော်တော်ပွင့်လင်းသည်...စကားပြောရင်လည်းသွယ်ဝိုက်မပြောဘဲ တည့်ပြောတတ်သည်...ဘယ်သူ့မျက်နှာမှလည်းမထောက်......
STAI LEGGENDO
Be Mine(Complete)