<Zawgyi>
Plan : " ဆဝါရိခ "
Mean : " ...."
သူ့ကိုတစ်ချက်စောင်းကြည့်ကာ အသိအမှတ်မပြုဟန်ဖြင့် ကျော်သွားသော သူ့တို့ဌာန၏မန်နေဂျာ Mean....အမြဲတမ်း အေးစက်စက်ဖြင့် သူ့ကိုလျစ်လျူရှုထားတတ်သော သူ့မန်နေဂျာအကြောင်းသိနေသော Plan ကတော့ရိုးနေပါပြီ။ တကယ်တော့ သူနဲ့ Mean က အသက်လည်းတူသလို တက္ကသိုလ်တက်တော့လည်းအတူတူပင်။
ဒါပေမယ့် သူတို့major ကလူများတဲ့အတွက် အခန်း၃ခန်းခွဲထားတာမို့ ကျောင်းပြီးချိန်အထိ တစ်ခန်းတည်းမကျခဲ့သလို စကားတောင်ဖြောင့်အောင်မပြောဖူးခဲ့ပေ။
တက္ကသိုလ်ဝင်ခွင့်နှင့် အခန်းခွဲခြင်းမှာ အထက်တန်းကျောင်းရမှတ်များပေါ်မူတည်ပြီး ဆုံးဖြတ်သည်ဖြစ်၍ စာတော်၍အမှတ်ကောင်းသော Mean ကအခန်းကောင်းရသလို သတ်မှတ်ထားသောအမှတ်နဲ့ ပွတ်ကာသီကာကပ်မှီခဲ့သောသူကတော့ နောက်ဆုံးခန်းပဲရလေသည်။
အခန်းမတူသည့်အပြင် စာတော်၍ရုပ်ချောသောသူကြောင့်ကျောင်းတွင် Princeဖြစ်သော Mean နှင့် လူတွေနဲ့စကားပြောရမှာကြောက်သော သူတို့နှစ်ယောက်ရဲ့ အနာဂါတ်ဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပင်။
ကျောင်းပြီးတည်းကကွဲကွာသွားခဲ့သော ပြိုင်မျဉ်း၂ကြောင်း၏ မျက်စိလည်လမ်းမှားပြီး ဖြတ်မျဉ်း၁ခုအနေနဲ့ ပြန်လည်ဆုံတွေ့ချိန်ရောက်တော့ သူတို့၂ယောက်လုံးအသက် ၂၄နှစ်ဖြစ်နေခဲ့လေပြီ။
မန်နေဂျာနဲ့ လက်အောက်ကဝန်ထမ်း...အလုပ်ကိစ္စမှလွဲ၍ အပိုစကားတွေခဏခဏမပြောဖြစ်ခဲ့ပေမယ့် သူပျော်သည်။ ကိုယ်ချစ်တဲ့သူက အချိန်ပြည့်နီးပါးတွေ့နိုင်တဲ့ အခွင့်အရေး၁ခုကို ခင်များတို့ဆိုရင်ရော မပျော်ပဲနေမလား။
ကျွန်တော်ကသာတိတ်တိတ်လေးမျော်လင့်နေခဲ့တာ စိတ်မကောင်းစွာပဲ Mean ကတော့ အလုပ်လျောက်လွှာမြင်မှ ကျောင်းတူ မေဂျာတူမှန်းသိကာ ကျောင်းတုန်းက တစ်ခါမှပင်မမြင်ဖူးဘူးဟုထင်နေခြင်းပါ။
YOU ARE READING
Akai Soulmate