Ch-2

159 17 2
                                    

< zawgyi >

" အ "

ခပ်​ပြင်းပြင်းအတွန်းခံလိုက်​ရ၍ အရှိန်​မထိန်းနိုင်​ပဲ ​ရှေ့ကိုခပ်​ငိုက်​ငိုက်​ကျသွားစဉ်​ ပစ်​လှဲကျသွားမှာဆိုး​သောမသိစိတ်​က ​ရှေ့မှာရှိ​သော တစ်​စုံတစ်​ရာကို အားကိုးရာအဖြစ်​နဲ့ ဆွဲမိဆွဲရာဆွဲဖက်​ထားလိုက်​မိသည်​။

" ​​ဘာလုပ်​တာလဲကွ...​သေချင်​လို့လား "

ဒီအသံရင်းနှီးလိုက်​တာ...​လန့်​ဖြန့်​ပြီးမှိတ်​ထားမိတဲ့မျက်​လုံးကို အတင်းဖွင့်​ကြည့်​လိုက်​​တော့...

" ဟင်​ ..... Mean "

Gun : " ​တောင်းပန်​ပါတယ်​ခင်​ဗျ...ကျွန်​​တော်​သူငယ်​ချင်းကိုစလိုက်​တာပါ...စိတ်​မဆိုးပါနဲ့ "

နေပါအုံး...ဘာ​တွေဖြစ်​ကုန်​တာလဲ။ သူခုနကကားတိုက်​မိသွားတာမဟုတ်​လား...သူမှတ်​မိသ​လောက်​ လူ​တွေဝိုင်းအုံလာကာ သူလည်း​ခေါင်းထဲမှာနာကျင်​​နေခဲ့သည်​ ခု​ဘယ်​ကဘယ်​လို ​ကျောင်းထဲ​ရောက်​​သွားတာလဲ...ပြီး​တော့ သူကMean ရင်​ခွင်​ထဲ​ရောက်​​နေကာ သူလှဲမကျသွား​စေဖို့ လက်​၁ဖက်​နဲ့ထိန်း​ပေးထား​ပေမယ့်​ နီရဲ​နေတဲ့ မျက်​နှာနဲ့ သူတို့၂​ယောက်​ကို လှမ်းမာန်​မဲ​နေသည်​။

ပြီး​တော့ ခု​လက်​ရှိ​ သူ​တွေ့​နေရတဲ့ Mean ကနည်းနည်းများပိုငယ်​​နေသလားလို့

လွန်​ခဲ့တဲ့ ၇နှစ်​ဒီအချိန်​တွင်​ Mean နဲ့သူစ​တွေ့ခဲ့သည်​။ ​ကောင်း​သော​တွေ့ဆုံခြင်းမဟုတ်​​ပေမယ့်​လို့​ပေါ့။ သူတို့စ​စ​တွေ့ချိန်​ကအတိုင်းပင်​... ​ကျောင်းယူနီ​ဖောင်းဖြစ်​​သော ရှည်​အဖြူရယ်​ စတိုင်​ပင်​အနက်​​ရောင်​ဝတ်​ထားကာ အဖတ်​မတန်​သည့်​ဟန်​ဖြင့်​ သူ့ကိုတစ်​ချက်​တွန်းထုတ်​လိုက်​ကာ လှမ်းထွက်​သွားလိုက်​​လေသည်​။

Gun : " ငါတို့ prince က​တော့ အ​ချေ​ဟေ့...ငါတွန်း​လိုက်​တာ မိန်း​ခ​လေး​ပေါ်ကျ​အောင်​တွန်းတာ သူ​က​နောက်​ကကပ်​ပါလာတာဘယ်​မြင်​မလဲ...Plan အာ...ဘာငိုင်​​နေတာလဲ...ငါ​နောက်​လိုက်​တာပါဆို...စိတ်​မဆိုးနဲ့​နော်​ "

Akai SoulmateWhere stories live. Discover now