Ch-3

147 17 1
                                    

< zawgyi >

mechanical ရဲ့ ကန်​တင်းက​တော့ ထုံးစံအတိုင်းရိုးရာမပျက်​စည်​ကားမြဲ စည်​ကားလျက်​ပါပဲ။ အစတည်းကမိန်းခ​လေးနည်းတဲ့ major ဆို​တော့ စာသင်​ပျင်းတဲ့ ​ယောကျာ်း​လေး​တွေ ​အတန်းလစ်​ပြီး​လာ​ရောက်​​ပျော်​စံ​နေကျ ​နေရာကြီးဆိုလည်းမမှား​ပေ။

P Non : " Gun...မင်းတို့လာတာ ​နောက်​ကျသွားတယ်​ကွာ ခုနတခြားဝိုင်း​တွေမလွတ်​​တော့တာနဲ့ မင်းတို့ဝိုင်းကို​ပေးထိုင်​လိုက်​တာ...​တောင်းပန်​ပါတယ်​​နော်​ "

ကန်​တင်းဆိုတာကလည်း ​ကျောင်းသား​တွေနဲ့အမြဲဆက်​ဆံ​နေရတာဆို​တော့ ​ဆိုင်​ရှင်​​တွေက အမြဲတမ်းစား​နေကျ​ဖောက်​သည်​ ဒါက​တော့ခုမှလာတဲ့​ကျောင်းသားအသစ်​ စသည်​ဖြင့်​အလိုက်​တသိမှတ်​ထားကြရသည်​။ တစ်​ခါတစ်​​လေဆို စားရင်း​သောက်​ရင်း ​ကျောင်းသား​တွေ အ​ပျင်း​ပြေတီးဖို့ရာ ဂစ်​တာ​များပင်​ ထားထား​ပေးတတ်​ကြ​သေးသည်​။

ဒါမှလည်း ​ကျောင်းသား​တွေကြား ဆက်​ဆံ​ရေး​ကောင်းသည်​ဘာညာ နာမည်​ရလာလျင်​ တခြား​မေဂျာမှ​ကောင်းသားများလည်း လာ​စား​သောက်​တတ်​ကြ၍ သူတို့ဆိုင်​ပိုပြီး​ရောင်းအားတက်​လာကြသည်​မို့ပင်​။

ထို့အတူ Plan တို့ကလည်း ဟိုး​ကျောင်းစတက်​ကတည်းက ဒီဆိုင်​တွင်​အမြဲလာ​နေကြ​ကျောင်းသား​တွေဖြစ်​သလို ​လူရှင်း​သောထို​ထောင့်​နားစားပွဲသည်​ သူတို့ထိုင်​​နေကြ​နေရာဖြစ်​သည်​မို့ အားနာ​နေဟန်​နဲ့​တောင်းပန်​လာတဲ့ P Non ကို

Plan : " အာ...ရပါတယ်​..Pကလည်း...တခြားမှာထိုင်​လည်းရတယ်​...ကျွန်​​တော်​တို့ကို အားမနာပါနဲ့။ ကိစ္စမရှိဘူး...ရတယ်​ "

Gun : " ဟုတ်​တယ်​ ဟုတ်​တယ်​ ကျွန်​​တော်​တို့က စားလို့ရရင်​ကိုရပြီ... ဒီ​တော့ အရင်​အတိုင်းပဲ ကျွန်​​တော်​က..."

P Non : " Gun ကကြက်​ဥထမင်း​ကြော်​ Plan က တုန်းယမ်းနဲ့ထမင်း ဟုတ်​တယ်​မှတ်​လား ရ​စေရမယ်​ ခဏပဲ​စောင့်​ "

Gun : " အဲ့ဒါ​ကြောင့်​ ဒီဆိုင်​ပဲထိုင်​ဖြစ်​တာ ..P Non ကအရမ်း​သ​ဘော​ကောင်းတာပဲ ထုံးစံအတိုင်း ကြက်​ဥမကျက်​တကျက်​​လေး​နော်​...ဟီး...ဟီး မြန်​မြန်​​လေးလုပ်​​ပေးပါ ဗိုက်​ဆာလို့ "

Akai SoulmateWhere stories live. Discover now