Ch - 6

110 20 2
                                    


< zawgyi >

" ရှီးယား...၇နာရီထိုး​တော့မှာလား "

" ​ဟ...​သေစမ်း ​ဘယ်​အချိန်​တည်းကမိုးရွာ​နေတာလဲ "

မလုပ်​မဖြစ်​လုပ်​ရ​တော့မယ်​ဆို​တော့လည်း လိုအပ်​တာ​လေး​တွေ စာအုပ်​ထဲမှာအသည်းအသန်​​ရှာလိုက်​ မှတ်​စုထဲကုန်းရုန်း​ချ​ရေး​လိုက်​နှင့်​ ဘယ်​ကဘယ်​လိုအချိန်​​တွေကုန်​သွားမှန်းမသိ​လိုက်​​ပေ။ ဒါနဲ့ ငါ့​ရှေ့မှာထိုင်​​နေတဲ့​ကောင်​က...

' ​နေပါအုံး .... ဒီ​နေ့ဘာ​နေ့လဲဟ? '

သွားပြီ...သူ့ရဲ့အတိတ်​တုန်းကအမှတ်​တရဖြစ်​ခဲ့တဲ့ သူတို့၂​ယောက်​အမှတ်​တမဲ့​ဆုံခဲ့တဲ့​နေ့ရက်​​တွေကို ​အထူးတလည်​​ ​ရှောင်​ရှားနိုင်​ရန်​အတွက်​ ph မှတ်​စုထဲမှာ​ အမြဲ​သေချာချမှတ်​ထား​လေ့ရှိ​ပေမယ့်​ ဒီ​နေ့စွဲက ဘယ်​ကဘယ်​လိုကျန်​ခဲ့တာပါလိမ့်​။

2.6.2017
အဲ့ဒီ့​နေ့က project လုပ်​စရာရှိလို့ ​ကျောင်းစာကြည့်​တိုက်​ကိုသူသွားခဲ့သည်​။  တိုက်​တိုက်​ဆိုင်​ဆိုင်​ပဲ  Mean လည်း စာကြည့်​တိုက်​တွင်​ အတူတူရှိကာစာလုပ်​​​နေတာမို့လို့ သူတစ်​​လျောက်​လုံး တိတ်​တိတ်​​လေးခိုးကြည့်​ခွင့်​ရ​နေခဲ့သည်​။ ​​ခဏကြာ​တော့ စာကြည့်​​နေတာကိုရပ်​လိုက်​​သော်​လည်း တစ်​ခုခု​ကြောင့်​ ချီတုံချတုံဖြစ်​​နေဟန်​ရှိသည်​ ။ ခဏကြာသည်​အထိထို​င်​​နေကာ ​အပြင်​မှာမိုးရွာ​နေတာကိုငြီး​ငွေ့​နေ​သည့်​ဟန်​ဖြင့်​ကြည့်​ရင်း အနည်းငယ်​စိတ်​တို​ပုံလည်း​ပေါ်​နေ​လေသည်​။ သူ့ကြည့်​ရတာ ထီးပါလာပုံမ​ပေါ်​သော​ကြောင့်​ စာကြည့်​တိုက်​ပိတ်​သည်​အထိ​စောင့်​​နေပုံ​ပေါ်သည်​။ သူလည်းမ​နေနိုင်​စွာပင်​ သူ့တွင်​ထီးအပိုပါလာသည့်​ဟန်​ဖြင့်​ သူ​ဆောင်းမယ့်​ထီးကိုသွား​ပေးခဲ့​လေသည်​။

ထိုအချိန်​တုန်းက​တော့ သူမိုး​ရေထဲ​ပြေးရလဲဘာအ​ရေးလဲ သူ့​ရှေ့ကလူအဆင်​​ပြေနိုင်​ဖို့ကအဓိကဟူ​သောအ​တွေးပဲရှိသည်​။ သို့​သော်​ စာကြည့်​တိုက်​နားတွင်​ကားရပ်​ထား​သော​ကြောင့်​ ​စေတနာပလပွနဲ့
သွား​ပေးမိ​သောသူသာ အရှက်​ကွဲကျန်​ခဲ့သည်​။

Akai SoulmateWhere stories live. Discover now