< Zawgyi >Plan : " P Chao "
Chao : " အာ...Plan....ကားတွေအရမ်းပိတ်နေလို့ sorry... "
Plan : " ဟင့်အင်း ရပါတယ်...ကျွန်တော်မုန့်ဝယ်ထားတယ် လာ ဝင်ကြမယ် "
အစတည်းက reiewသိပ်မကောင်းသည့်အပြင် ရုံချခါနီးပြီဆိုတော့ လူသိပ်မဝင်လို့ ရုပ်ရှင်ကြည့်သူအရေအတွက်မှာ လက်ချိုးရေလို့ပင်ရလေသည်။
ဇာတ်ကားမှာ ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်ထူထောင်ရေးကာလအကြောင်းကို အခြေခံ၍ရိုက်ကူးထားလေသည်။ စစ်ဘေးဒဏ်ကြောင့် နေအိမ်ပျက်စီးသွားသည့်အပြင် ရှိစုမဲ့စုကျန်ရှိသောပစ္စည်းတွေမှာလည်း ရောင်စုံသူပုန်တွေလက်ဝယ်ရောက်ရှိသွားသောအခါ စားဖို့သောက်ဖို့ပင် မနည်းရှုန်းကန်လှုပ်ရှားရနေကြရသည့် မိသားစုဘဝတွေအကြောင်း ရိုက်ပြထားသောကားပင်။
Plan in mind : ' အဲ့တာကြီးက မှတ်တမ်းရပ်ရှင်ကြီးလားဟ ကြည့်ရင်း ကြည့်ရင်း အိပ်ချင်လာပြီ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကိုယ့်ဒုက္ခကိုယ်ရှာနေသလိုပဲ '
သူ့ဘေးတွင်ထိုင်နေသော P chao တစ်ယောက်ကတော့ စိတ်ဝင်တစားနဲ့ အပီအပြင်ကြည့်နေတာမှ တစ်စက်မှပျင်းသည့်ပုံမပေါ်ပေ။
နောက်ဆုံးသည်းမခံနိုင်သည့်အဆုံး air conအေးအေးလေးကြားမှာ ရုပ်ရှင်ထဲမှငိုသံယိုသံတွေကို နားသောတဆင်ရင်း သူလည်းအိပ်ပျော်သွားလေတော့သည်။
Plan : " အ..အေးလိုက်တာ "
Chao : " ဟေ့ကောင် မမြင်ရလည်း ဖြည်းဖြည်းလျောက်လေ..ဒီမှာစိုကုန်ပြီ Plan ရလား cola တွေကွ စေးကပ်နေတော့မှာပဲ "
" တောင်းပန်ပါတယ်ခင်မျ ကျွန်တော်အိမ်သာအရမ်းသွားချင်လို့ပါ လျောက်လမ်းကမှောင်နေတော့ ဒါနဲ့သုတ်လိုက်ပါဗျ တောင်းပန်ပါတယ်"
ရုတ်တရပ်ကြီး သူ့ကိုယ်ပေါ်အေးခနဲဖြစ်သွားတာကာ P chao စိတ်တိုပြီးအော်လိုက်တာရယ် လက်ပတ်ကြိုးအနီပတ်ထားသောလက်တစ်စုံမှ သူ့ကိုကမ်းပေးလာသော အပြာရောင်လက်ကိုင်ပဝါလေးကို အူကြောင်ကြောင်နဲ့လှမ်းယူလိုက်ချိန်အထိ ခုနဘာဖြစ်သွားမှန်းသေချာမသိပေ။
YOU ARE READING
Akai Soulmate