< zawgyi >
" ဒေါက်....ဒေါက်...ဒေါက် "
Plan : " လာပြီ...လာပြီ "
ဒီအချိန်ကြီး ဘယ်ကောင်လာရှုပ်ပြန်တုန်းကွာ မီးပျက်လို့ ဘူနေရတဲ့အထဲ။ ခုနကမှ မိုးမိထားသောအဝတ်စိုတွေ ခပ်မြန်မြန်လှဲပြီး ကော်ဖီတစ်ခွက်နဲ့ အပီအပြင်နှပ်ရန်ကြံနေသော အတွေးတွေအားလုံး မီးပျက်သွားသောကြောင့် အကုန်ပျက်စီးသွားတဲ့အပြင်သူများအိပ်ချိန်မှာ အလိုက်ကမ်းဆိုးမသိလာနှောင့်ယှက်ခံရတော့ မျက်နှာတစ်ခုလုံးရှုံ့မဲ့ကာ မှောင်ကြီးမဲကြီးထဲ ph မီးရောင်အားကိုးနဲ့ တံခါးသွားဖွင့်ရပြန်သည်။
Plan : " အား.....သရဲ "
Sam : " ညောင်....ခွီး "
Mean : " ငါပါ....Mean "
Plan : " ဟင်....ဘယ်သူ....Mean ??? "
မိုးရေတွေရွှဲနစ်နေတာမို့ ဆံပင်တွေနှင့် အကျီင်္တွေဆီမှာ ရေစက်တွေကြမ်းပြင်ပေါ် တစ်တောက်တောက်ကျနေသေးရာ အမှန်တကယ်ပင်ကြွက်စုတ်ရုပ်ပေါက်နေသောသူ
Mean : " ကားက ဘာထဖောက်လဲမသိဘူး...စက်နိုးလို့မရတော့လို့..ဝပ်ရှော့ဆိုင်တွေကလည်းပိတ်နေပြီဆိုတော့ မနက်မှလာကြည့်ပေးနိုင်မယ်တဲ့....အဲ့တာ..ငါ...မင်းဆီမှာ ဒီညအိပ်လို့နိုင်မလား "
ဒါဆို ခုနသူ့ကိုလိုက်ပို့ပြီး လွန်ခဲ့တဲ့တစ်နာရီလုံးလုံး မိုးရေထဲ ကားပြင်နေခဲ့တာပေါ့
အရပ်ချင်းမညီသည့်အပြင် ခန္ဓာကိုယ်အချိုးအစားကလည်းကွာတော့ plan၏အဝတ်အစားများသည့် သူ့အတွက်အနားငယ်ကြပ်နေကာ နေရထိုင်ရခက်လေသည်။ ကော်ဖီခွက်ကိုင်ရင်း ကြုံကြုံလေးထိုင်နေသော Mean ကိုကြည့်ရင်းရယ်ချင်လာသည်။
အမြဲတမ်းတည်တည်နေကျ မျက်နှာက ခုတော့အားနာဟန် ရှက်ရွံ့ဟန်ဖြင့် အနည်းငယ်ရဲနေလေသည်။ ရှင်သန်လာခဲ့သည့်နှစ်ဘဝတာအတွင်း သူမမြင်ဘူးသေးတဲ့ ဒီလိုဘက်ခြမ်းလည်းရှိသေးသည်ပေါ့!!
YOU ARE READING
Akai Soulmate