Part_5

11K 1.1K 25
                                    

     အလုံထုတ်ပျားဖမ်းသမားဒီဇိုင်းနဲ့လက်ပြကာ ရထားထဲသို့ဝင်သွားသည့်ရိပေါ်ကို ခေါ်ဆောင်သွားသည့် ပေကျင်း_ချုံချင်း ခရီးစဉ်ရထားဟာ စတင်ထွက်ခွာနေပြီ ဖြစ်၏။ ခုတ်မောင်းသွားတဲ့ရထားကြီးကိုကြည့်ပြီး ရင်ထဲမှာဟာတာတာနှင့် ရုတ်တရက်ကြီးတစ်လောကလုံးမှာကိုယ်တစ်ယောက်တည်းပဲကျန်တော့သလိုခံစားချက်ကြီးကြောင့် ရထားလက်မှတ်ချက်ချင်းဖြတ်ကာ ပေကျင်းသို့ပြန်လိုက်ချင်သော်လည်း တန်းလန်းထားခဲ့လို့မရတဲ့ အိမ်ကိစ္စကြောင့် အောင့်အီးနေလိုက်ရသည်။

     "ရှောင်ကျန့်ရား...ရှောင်ကျန့်.."

     ကိုယ့်နာမည်ကိုတီးတိုးရွတ်ဆိုလိုက်ပြီး ကိုယ့်ဘာသာကိုယ် ခြောက်ဆယ့်နှစ်ကြာအောင် လောင်ဝမ့် ပုံလေးတွေကြည့်လိုက် ဗွီဒီယိုဖိုင်လေးတွေကြည့်လိုက်နှင့်နေတုန်းကလည်းအကောင်း ပြန်လာပြီးအနောက်ကတကောက်ကောက်လိုက် ရိုက်ထားတဲ့ပုံလေးတွေထုတ်ကြည့်လိုက်နှင့်နေတုန်းကအထိလည်း ပုံမှန်ပဲဖြစ်သေးသည်...အခုတော့ ထိုင်နေတုန်းကအကောင်းထမှကျိုးမှန်းသိတယ်ဆိုသလိုပဲ ချုံချင်းမှာမမျှော်လင့်ပဲတွေ့ကာ တစ်ညနဲ့တစ်မနက်လေးအတူရှိနေပြီး အခုပြန်လည်းသွားရော ကိုယ့်မှာထိုင်မရထမရနှင့် ဘာလုပ်လို့လုပ်ရမှန်းမသိ....မဖြစ်သေးဘူးမြန်မြန်အိမ်ကိစ္စကိုအပြတ်ဖြတ်ပြီးပေကျင်းပြန်မယ်ရ ဆိုသောဆုံးဖြတ်ချက်ချပြီးသည့်နောက် နစ်မြောနေသောအလွမ်းရေယာဉ်ကြောကို ခဏခေါက်သိမ်း၍ အိမ်သို့ပြန်ရန်လုပ်ရ၏.....။

     တစ်နေ့လုံး အိမ်ကိစ္စနဲ့ပတ်သတ်တဲ့အလုပ်တွေကိုအာရုံစိုက်နေမိတုန်း ဖုန်းသံလေးမြည်လာတာကြောင့် ကောက်ယူကြည့်လိုက်တော့ ယွီပင်း......

     " ဟယ်လို ယွီပင်းပြော..."

     "ရှောင်းရှောင်ကျန့်ရေ ငါမှာမနေ့ထဲကဖုန်းဆက်နေတာဖုန်းလည်းမကိုင်ပြန်လဲမဆက်နဲ့ အသက်မှရှိသေးရဲ့လားလို့....ချုံချင်းကိုဆင်းလာရတော့မယ်မှတ်နေတာ..."

      "ဆောရီးပါကွာ ငါဖုန်းကိုအာရုံမစိုက်အားလို့ မင်းဖုန်းခေါ်တာမသိလိုက်လို့ပါ...."

My Lovely Idol💛💛(Complete)Where stories live. Discover now