Part_11

8.8K 812 17
                                    

      စိတ်‌ဆိုးပြေသွားတဲ့အနေနဲ့ ကျောင်းဆင်းရင် ကျန့်ကောအိမ်ပြန်လိုက်ပို့ပါဆိုသော အဆိုးလေးရဲ့ပူဆာမှုကြောင့် ရှောင်ကျန့် ရိပေါ်တို့အိမ်သို့ရောက်ရှိနေလေသည်။

      ဝမ်မားမား ကတော့သူတိူ့ကြိုက်သည့် အထူးသဖြင့်လောင်ဝမ်ကြိုက်သည့် ‌စတော်ဘယ်ရီတွေကိုဖျော်လာပြီး အမောပြေသောက်စေသည်။ ဒီနေ့ကသောကြာနေ့ဖြစ်တာမို့ ဝမ်ပါးပါးလည်းပြန်လာဖြစ်မည်သည်။

      လောင်ဝမ်ရဲ့ပြောပုံအရဆို လောင်ဝမ်ဟာကလေးမို့လို့မိဘ‌တွေရဲ့အိမ်ထောင်ရေးအခြေအနေကိုသိပ်မသိပေမဲ့ ရှောင်ကျန့်အကြမ်းဖျင်းအကဲခတ်မိသလောက်တော့ ဝမ်ပါးပါးဟာတစ်ခုလပ်ကလေးအဖေတစ်ယောက်ဖြစ်ပြီး အိမ်မှာစာလာသင်တဲ့ဝမ်မားမားနဲ့ ရည်ငံတာကြောင့် အနေအထားကြီးတဲ့မိဘတွေကတွေက သဘောမတူသဖြင့် ဝမ်မားမားရဲ့ဇာတိမှာပဲပြန်‌နေကျပေမဲ့ အခုတော့လောင်ဝမ်ကိုမွေးပြီးနောက်ပိုင်းကုပ္မဏီကိုပြန်ဦးစီးခိုင်းတာကြောင့် ဝမ်ပါးပါးဟာ သောကြာညဆိုချုံချင်းကိုပြန်လာလေ့ရှိပြီး တနင်္ဂနွေညဆို ပေကျင်းသို့ပြန်လေ့ရှိမှန်း ရှောင်ကျန့်သိထားသည်။ ပြီး‌‌တော့ဝမ်မားမားက ကျန်းမာရေးသိပ်မကောင်းဘူးဟုထင်ရ၏။အဘယ်ကြောင့်ဆိုသော် မကြာခဏမူး‌ဝေကာ နှာခေါင်းသွေးလဲခဏခဏလျံတက်၏။ တစ်ခါတရံမှာဆေးရုံကိုသွားပြလျှင်ညအိပ်ရသည့်အခါမျိုး လဲရှိသည်ကို လောင်ဝမ်ပြောပြလို့ရှောင်ကျန့်သိရသည်။

        ထိုအချိန်မှာပဲ အိမ်ရှေ့မှာကားရပ်သံကြားတာကြောင့် ဝမ်မားမားကအိမ်ရှေ့ထွက်သွားလေသည်။ ဝမ်ပါးပါးပြန်လာပြီထင်ပါရဲ့.....။နာရီကိုကြည့်လိုက်တော့‌ညနေခြောက်နာရီထိုးတော့မှာမို့လို့ ဝမ်ပါးပါးကိုနှုတ်ဆက်ပြီးရှောင်ကျန့်ပြန်ရန်လုပ်ရသည်။

         ဧည့်ခန်းထဲဝင်လာတဲ့ ဝမ်ပါးပါးဟာ ရှောင်ကျန့်ကိုတွေ့တာနဲ့ဝမ်းသာအားရပင်နှုတ်ဆက်လေသည်။

        "သားကျန့်ရောက်နေတာလား ဝမ်လေးကိုပြန်လိုက်ပို့တာထင်တယ် "

        "ဟုတ်တယ်ဦးလေးဝမ် လောင်ဝမ်ကအိမ်ပြန်လိုက်ပို့ပါဆိုလို့..."

My Lovely Idol💛💛(Complete)Where stories live. Discover now