Part_1

32.3K 1.5K 32
                                    

      *တူ...တူ...တူ...တူ..*

       ဖုန်းကဝင်နေသော်လည်းတစ်ဖက္မှ ဖုန်းမကိုင်တာကြောင့် ရှောင်ကျန့် အလွန်ပင်စိတ်တိုနေပြီဖြစ်သည်။

      "ဒီတစ်ခါခေါ်လို့မှ ဖုန်းမကိုင်ရင်တော့လား"

      "တူ....တူ...တူ..."

      "ဟယ်လို ရှောင်ကျန့်ရား.."

      စိတ်တိုစွာဖြင့်ကျိန်းမောင်းနေရင်း နှစ်ကြိမ်မြောက်ထပ်ခေါ်တော့မှယွီပင်းရဲ့ဖုန်းဖြေသံကထွက်ပေါ်လာ၏။

     "ယွီပင်း!!!!"

      အားလားလား..အသံဗြဲကြီး‌နှင့်အော်လိုက်သော ရှောင်ကျန့်ကြောင့် ယွီပင်းမှာကိုင်ထားသည့်ဖုန်းပင်ပြုတ်ကျလုမတက်။

      "ရှောင်းရှောင်ကျန့်ရား ဖြေးဖြေးအော်ပါဟ၊ ငါလာနေပါပြီ နှစ်ကူးဆိုတော့ ကားတွေပိတ်နေလို့..."

      "ကားပိတ်တက်ရင် စောစောထွက်လာပါလား၊ ငါတခြားအချိန်ပဲသဘောကောင်းတယ်နော်၊ ဒီအချိန်ရဘူး မင်းသိတယ်မလား"

     "အေးပါကွာ အေးပါ ၊ တကယ်တည်း မင်းရဲ့ Hunan TV New Year Eve ကထွက်ပြေးမှာကျ၊  မနေ့ကလဲဝမ်ရိပေါ်ရဲ့ Rehersal ကိုသွားပြီးပြီကို"

     "ယွီပင်း မင်းနောက်ထပ် နာရီဝက်အတွင်းဆိုင်ကိုရောက္မလာရင် ငါဒီတိုင်းထားခဲ့ပြီး သွားပြီမှတ် ဒါပဲ"

     ကျသွားပြီဖြစ်တဲ့ ဖုန်းလေးကို ကြည့်ပြီး ယွီပင်း တစ်‌ေယာက်တွေးမိသည်။ Fangirl တွေ ဝမ်ရိပေါ်ကိုအသည်းအသန်ဖြစ်တာလောက်တော့ သူ့ သူငယ်ချင်းရှောင်ကျန့်အိပ်နေသလောက်ပင်မရှိ။ ဝမ်ရိပေါ် ရဲ့ schedule ရှိတဲ့အတိုင်း လျှောက်လိုက်သည်။ရိုက်ကူးရေး ၊ဖျော်ဖြေရေး၊  fan meeting နောက်ဆုံးဝမ်ရိပေါ်ပြန်နားသည့် Hotel ၊ကွန်ဒိုအထိလိုက်ကာ တစ်နာရီလောက်ထိုင်စောင့်ပြီး မှအိမ်ပြန်သည်။ ဝမ်ရိပေါ်တစ်ယောက် အကယ်၍များ တိတ်တိတ်လေးအပြင်ပြန်ထွက်ရင်သိအောင်ဆိုပဲ ၊ဝန်ထမ်းတွေနှင့်လည်းရောပြီးပေါင်းသည်။နောက်ဆုံးဝမ်ရိ ပေါ်ရဲ့ Bodyguard တွေကပါရှောင်ကျန့်ကိုမျက္မှန်းတန်းမိကာသိနေပြီဖြစ်သည်။ ရှောင်ကျန့်အတွက်ကတော့ ဝမ်ရိပေါ်ဟာတန်ဖိုးထားမြတ်နိုးရသည့် သူတစ်ယောက်ပင်။

My Lovely Idol💛💛(Complete)Tempat cerita menjadi hidup. Temukan sekarang