Part_9

9.6K 891 14
                                    

      ဒီညနေအတွက်ရှောင်ကျန့်အချိန်ရနေတာမို့ ဆေးရုံသွားပြီး ကျိရန်ကော ကိုသတင်းသွားမေးလိုက်သည်။ ခြေထောက်ကအတော်ပင်သက်သာလာပြီ ဖြစ်ကာ နောက်အပတ်လောက်ဆို ကျောက်ပတ်တီးဖြုတ်ရမည်ပြောသည်။ ရှောင်ကျန့်လဲ လိုအပ်တာလေးတွေပြုလုပ်ပြီး ယွီပင်းဆီကိုဝင်ရဦးမှာမို့လို့ တစ်နာရီလောက်အဖော်လုပ်ပေးပြီး နှုတ်ဆက်ကာ ယွီပင်းဆီသို့ချီတက်ရပြန်၏....။

      ရှောင်ကျန့်ဆိုင်ရောက်တော့ လူအနည်းငယ်ကျနေတာကြောင့် ယွီပင်းနဲ့စကားမပြောအားသေးပဲ ကောင်တာထိုင်ပေးရင်းနဲ့တခြားလိုအပ်တာဝိုင်းကူလုပ်ပေးနေရသည်။

      ရှောင်ကျန့်ဆီ ပိုက်ဆံလာရှင်းတဲ့ကောင်မလေးတစ်အုပ်က သူ့ကိုမြင်တော့ လောင်ဝမ် မန်နေဂျာမှန်းမှတ်မိသွားဟန်တူသည်။

       "ကောကော.....ကောကောကလေ ရိပေါ်ရဲ့မန်နေဂျာဟုတ်တယ်မလား တကယ်ကြီးဟုတ်ပါတယ်နော်..."ဟုဆိုကာ အတင်းတွေလာစကားပြောကျတာမို့ ရှောင်ကျန့်နည်းနည်းအနေခက်လာ၏...။

      "ညီမလေးတို့ အရှေ့ကစားပွဲမှာခဏထိုင်စောင့်ပေးကြပါလား ကျွန်တော်အဲဒီကိုလာပေးပါမယ် အခုကဆိုင်မှာလူတအားကျနေလို့ပါနော်..."ဟုဆိုတော့ လောင်ဝမ် Fangirl လေးတွေက တညီတညာတည်း ခုံတွေမှာပြေးထိုင်ကျ၏။

       အတန်ငယ်လူရှင်းသွားတော့မှ ရှောင်ကျန့် ယွီပင်းကိုအကျိုးအကြောင်းပြောပြီး ကောင်မလေးတွေနားသွားလိုက်သည်။ ကောင်မလေးတွေက လောင်ဝမ်အကြောင်းကိုစုံစိနေအောင်မေးတာမို့ ရှောင်ကျန့်ပင်အနည်းငယ်စိတ်ညစ်လာမိသည်။ ဒါကြောင့်မို့လည်း လောင်ဝမ်ဟာ personalမေးခွန်းတွေဆို ဘုကန့်လန့်ဖြေတာဖြစ်မည်ဟုလည်းတွေးလိုက်မိ၏။ ဒါပေမဲ့လည်း သူလည်းတချိန်က လောင်ဝမ်နောက်တကောက်ကောက်လိုက်နေခဲ့သည့် Fanboyဖြစ်ခဲ့တာမို့လို့ ထိုကောင်မလေးတွေကို နားလည်ပေးလိုက်ပါသည်လေ....။ လောင်ဝမ့်Fangirlလေးတွေကသူ့ကို Fan Letter လေးတွေပေးပေးဖို့ requestလုပ်လာတာကြောင့်သူ ကြည်ကြည်ဖြူဖြူပဲလက်ခံပေးလိုက်သည်။ ခဏနေသူတော့ ယွီပင်းနဲ့စကားပြောရန်ထိုင်တုန်းရှိသေး အသစ်ခန့်ထားတဲ့ဝန်ထမ်းကောင်လေးက သူတို့အနားကိုအပြေးအလွှားရောက်လာကာ....

My Lovely Idol💛💛(Complete)Où les histoires vivent. Découvrez maintenant