Part_14

9.1K 846 20
                                    

       ဒီနေ့Day Day Up ရိုက်ကူးရေးအစီအစဉ်အရဆိုလို့ရှိရင် DDU member တွေဟာ ကိုယ် Mission လုပ်ပေးရမဲ့အိမ်က ကလေးမနိုးခင် အိမ်ကိုရောက်နေပြီး တစ်နေ့လုံးကိုကလေးနှင့်ဖြတ်သန်းကာ ညဘက်ကလေးအိပ်သွားမှ Missionပြီးဆုံးမှာဖြစ်၏။

       သူနှင့်လောင်ဝမ် အတူ mission လုပ်ရမည့်အိမ်ကကလေးက လောင်ဝမ်နဲ့အခုရုပ်ရှင်မှာအတူသရုပ်ဆောင်တဲ့ စီနီယာကျဲကျဲရဲ့ သားလေးဖြစ်ကာ မိဘတွေကသရုပ်ဆောင်မို့လို့ ကင်မရာနှင့်မစိမ်းတာကြောင့် အဆင်ပြေမည်ထင်ရ၏။ ပြီးတော့ကလေးကမနက်အစောကြီးအိပ်ယာနိုးတက်သည် ဟူသောကြောင့် တခြားမန်ဘာတွေထက် ပိုစောစောထရကာ ကလေးဆီသို့သွားရသည်။ ရှောင်ကျန့်မသိလိုက်တာက ရိပေါ်နှင့်ကလေးလေးကသိနေကြတာကိုပင်။

      ရှောင်ကျန့်တို့ရောက်သွားတော့ လောင်ဝမ်ရဲ့ စီနီယာစုံတွဲက အသင့်စောင့်နေကာ သူတို့ကတော့ဒီနေ့အတွက်မိဘအိမ်မှာ အနားသွားယူမည်ဟုသိရသည်။

      တစ်အိမ်လုံးအပြည့် ကင်မရာတွေတပ်ထားကာ PD တစ်ဦးကလည်း ရွက်ဖျင်လိုအိမ်အသေးလေးတစ်လုံးထဲမှာ သူတို့ကင်မရာလွတ်တဲ့နေရာရောက်သွားလျှင်မှတ်တမ်းတင်ပေးရန်ရှိနေ၏။

      ကလေးမနိုးခင်မိဘတွေက ရှောင်နေပေးရမှာမို့ စီနီယာစုံတွဲကမသွားခင်.....

     "ရိပေါ် မင်းက ချင်းယွမ်နဲ့ပြိုင်ပြီးမဆော့နေနဲ့ဦးနော် မဟုတ်ရင် ရှောင်ကျန့်က ကလေးနှစ်ယောက်ထိန်းရသလိုဖြစ်နေလိမ့်မယ်..."

      "ဟာ...ကျဲကလည်း ကျွန်တော်က ကလေးမှမဟုတ်တာ ဆော့စရာလား၊ ကျဲတို့သာ ဒီနေ့လွတ်လပ်ရေးရတယ်ဆိုပြီး အပြင်မှာဆော့မလာနဲ့ဦး..."

         "ဟားဟား....မင်းကတော့လုပ်ပြီကွာ.."ဟုဆိုကာ ရိပေါ်စီနီယာရဲ့ အမျိုးသားက ထရယ်လေသည်။

       "လောင်ဝမ်.."

       ဘယ်လိုပဲရင်းနှီးတယ်ပြောပြော စကားကို တည့်တိုးပြောတက်သည့်လောင်ဝမ်ကြောင့် ရှောင်ကျန့်မှာ ထိန်းနေရသည်။

        လောင်ဝမ့်ရဲ့ စီနီယာ ကျဲကျဲကတော့ ရယ်နေကာ....

       " ရိပေါ်က အဲလိုပဲ ရှောင်ကျန့်ရေ ၊ ရှောင်ကျန့်ကတော့ ရိပေါ်အနားနေရတာ ကလေးထိန်းနေရသလိုဖြစ်မှာပဲ..."

My Lovely Idol💛💛(Complete)Where stories live. Discover now