Part_31(FINAL)

14.9K 875 48
                                    

          ကျယ်ဝန်းလှတဲ့ဟိုတယ်မြက်ခင်းပြင်ပေါ်မှာ အဖြူရောင်နှင်းဆီပန်းတွေရယ် အစိမ်းရောင်ကျောက်ခတ်ပန်းလေးတွေရယ်ကို အပြည့်အလှဆင်ထားကာ အဖြူရောင်စတိတ်စင်ရဲ့ အပေါ်ဘက်နံရံမှာတော့ Y ဆိုတဲ့စာလုံးနဲ့ Z ဆိုတဲ့စာလုံးကို ရွှေရောင်ကနုတ်ပုံ ဖော်ထားသည်က အဖြူရောင်အပြင်အဆင်အခမ်းအနားနှင့်လိုက်ဖက်လွန်းလှသည်။ ပင်လယ်ကမ်းခြေမှာရှိတဲ့ ဟိုတယ်မို့ ညနေခင်းမှာပင်လယ်ပြင်ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့ လေနုအေးတို့ကလည်း မင်္ဂလာပွဲကိုလာကျသည့်သူတွေအတွက် စိတ်အေးချမ်းစရာပင်....။

       ပွဲစကာနီးမှာတော့ ယွီပင်းကလည်းအခမ်းအနားမှူးနေရာမှာ နေရာယူပြီးလျက်...စတိတ်စင်ရဲ့‌ရှေ့ဆုံးနေရာမှာတော့ နှစ်ဖက်မိသားစုတွေဖြစ်ကျသည့် ရိပေါ်ရဲ့အဖိုးကလည်း မျက်နှာပေါ်မှာအပြုံးတို့ဝေဆာလျက်ရှိသလို ကျန်းယန်းလီနှင့်ကျင်းဇီရွှမ်းတို့ဇနီးမောင်နှံရယ်...မရယ်မပြုံးခပ်တည်တည်နှင့်ထိုင်နေသည့် ကျန်းချန်ရယ်အပြင် အလုပ်ရှုပ်နေသည့်ကျိရန်အနောက်မှာတော့ သူငယ်ချင်းမက ရည်းစားမကျသည့် ဟောက်ရွှမ်းကတကောက်ကောက်လိုက်လျက်ရှိသည်။

       မင်္ဂလာပွဲကိုအရမ်းအကြီးအကျယ်ကြီးမလုပ်ပဲ ရင်းနှီးတဲ့သူတွေသာဖိတ်ထားတာကိုပင် လူသုံးရာလောက်ရှိသည်။ မကြာခင်မှာအခမ်းအနားစတော့မည့်အကြောင်း ယွီပင်းကြေညာလိုက်ပြီးချိန်မှာတော့ မင်္ဂလာတီးလုံးသံနှင့်အတူ နဂိုထက်ပိုချောမောခန့်ညားနေသည့် ဝမ်ရိပေါ်က လျှောက်လမ်းတစ်လျှောက် တစ်လှမ်းခြင်းစီလျှောက်လာပြီး စတိတ်စင်ပေါ်မှာနေရာယူလျက် နောက်ထပ်လျှောက်လှမ်းလာမည့် ချစ်ရတဲ့သတို့သားကိုမျှော်ကာ ရင်ခုန်နေမိသည်။

         ဝမ်ရိပေါ်စင်ပေါ်မှာနေရာယူပြီး သိပ်မကြာခင်အချိန်မှာပဲ အချစ်သီချင်းသံအေးအေးလေးနှင့်အတူ တစ်ခါနားထောင်ရုံနဲ့နှလုံးသားထဲအထိပျော်ဝင်သွားနိုင်တဲ့ အသံချိုချိုလေးနှင့်အတူ လျှောက်လှမ်းအစမှာ ပေါ်လာသူက သူ့ချစ်ရသူလူသားပင်.....

(အပေါ်ကသီချင်းလေးကိုနားထောင်ပြီးဖတ်ပေးကျပါလို့😘😘သီချင်းက‌တော့girl versionပဲတွေ့လို့ပါ။နားထောင်ဖြစ်အောင်နားထောင်ကြည့်ပါလို့ ကြိုက်ကျမယ်လို့အာမခံပါတယ်😁)
       
🎶🎼🎵ကိုယ် မင်းကိုချစ်တယ်..🎶🎼🎵
            
🎶🎼🎵 ပင်လယ်လိုကျယ်ပြန့်များပြားတဲ့
လူတွေကိုတောင်မကြောက်မိတော့ပဲ.🎶🎼🎵

My Lovely Idol💛💛(Complete)Dove le storie prendono vita. Scoprilo ora