ကိုကို့ ကို မုန်းသည်... (Ep- 1)

21.1K 939 39
                                    


#ZG

         ကိုကို့ ကို မုန်းသည်... (Ep-1)

          သာယာတဲ့ နွေရာသီ ကာလတစ်ခု
လေရူးတွေတိုက်တာ အရမ်းပြင်းထန်တယ်
ဒါပေမယ့် ကိုကို  မင့်ပေါ်ရက်စက်ခဲ့တာတော့ မမှီဘူးထင်တယ်.....
သိပ်ချစ်ရတဲ့ ....မင်လေး.... အရမ်းလွမ်းနေမိတယ် ကိုယ့်ကို ထားသွားခဲ့တာတောင်မှ ပေါ့.......... သိပ်ချစ်ခဲ့ရပါတယ် ခလေးလေးရယ်...

................................................................
    Bring the 2000
သာယာတဲ့ မနက်ခင်းတစ်ခု
'' ကိုကို......... ထတော့ ထကွာ...နိုးနေတာ သားသိတယ်နော် ကိုကိုအကျင့်မယုတ်နဲ့ ကိုကိုနှိုးရင် သားချက်ချင်း ထတယ်လေကွာ.... ထတော့ မေမေကြီးခေါ်နေပြီလို့
ကိုကို....''

ဂျီမင်း  နိုးမရတဲ့ ကိုကို့ကို အားဖြင့်အော်လိုက်သည်...ဟုတ်ပါတယ် မင်လေးမှာ အရမ်းချစ်ရတဲ့ သွေးမတော်သားမစပ်တဲ့ ကိုကိုတစ်ယောက်ရှ်ိပါတယ်.ကျွန်တော့် နာမည်
Jeon Jimin ပါ
အသက်က ၁၇ရှိပါပြီ...
ကျွန်တော်က မိဘမဲ့ တစ်ယောက်....ကျွန်တော့်မျိုးရိုးနာမည်တောင် ကိုကိုတို့ မိသားစုက ပေးခဲ့တာဗျ။
ကိုကိုတို့မိသားစု ကသိပ်ဂရုစိုက်ပါတယ်။ ကိုကိုကလွဲလို့ပေါ့။
ကျွန်တော်နဲ့ ကိုကိုက အသက်၁၀နှစ်လောက်ကွာတယ်...
ဒါကြောင့် ကိုယ့်ကိုကိုယ် သားလို့ သုံးနှုန်းပြီးခေါ်ပါတယ်။
ကိုကိုကတော့ ဂျီမင်းလို့ပဲခေါ်တယ်.....။

'' အင်...ဟင်းး.......ကဲ ကိုကို နိုးပြီ ''

ဂျီမင်း အတွေးတွေ ထဲ က မထွက်သေး...တွေးနေဆဲ
'' ဂျီမင်း....ဂျီမင်း..''

*ဟင်...ဒီ ကောင်လေး ဘာတွေကိုဒီလောက်တွေးနေတာတုံး*
ဂျောင်ဂု ဂျီမင်း နဖူးစပ်က ဆံပင်လေးကို လေနဲ့မှိုတ်လိုက်သည်။

''  awww... ကိုကိုနိုးပြီပဲ... ''

'' နိုးတာကြာပြီ..... ခေါ်နေတာကျမထူးဘူး...
ဘာတွေအဲ့လောက်တွေးနေတာလဲ... ဟင် ''

'' အာ...ဘာမှ မတွေးပါဘူး ကိုကို
ကဲ..ထ...သားအောက်ဆင်းတော့မယ်...ရေချိုးပြီး ဆင်းခဲ့တော့ ၊မနက်စာစားမယ်....မေမေကြီးတို့စောင့်နေပြီ ''

        မုန်းသည်...  / (Completed) Where stories live. Discover now