ကိုကို့ ကို မုန်းသည်...(Ep- 28)Final 🚨

8.5K 542 64
                                    


#ZG

ချစ်ရသူနဲ့ လိုက်ပါစီးနင်းလာတဲ့ လေယာဉ်လေးဟာ ဂျပန်နိုင်ငံတွင် ဆင်းသက်လိုက်သည်။
ဂျောင်ဂုလည်း ပုခုံးပေါ် မှီအိပ်နေတဲ့ ကလေးပေါက်ကို နိုးရတော့သည်။ ဂျပန်ကို ရောက်ရင် တည်းမဲ့ ဟိုတယ် ၊ လည်မဲ့ နေရာ ၊
စားမဲ့ အစားအသောက်က အစ အကုန်စီစဉ်ထားပါပြီး ဖြစ်သည်။
ကိုယ့်အသဲလေးကို လိုလေသေးမရှိ အကုန်ဖြည့်ဆည်းပေးမည်။

'' ဂျီမင်း ~ ကလေး ''

'' ဟင်..~ ''

'' ​ရောက်ပြီ ထတော့နော် ''

'' ဟုတ်လား ~အင် ဟင်း...''

အိပ်ချင်မူးတူးလေသံဖြင့် ပြန်ဖြေရင်း...
ဂျောင်ဂု လက် ဆွဲကာ airport မှ ထွက်လာခဲ့သည်။
အသင့်စောင့်နေတဲ့ ကားကို မြင်တော့ အံ့သြမိသည်။
သူ့ကိုကို ကြိုတင်စီစဉ်ထားတာပါ့လားပေါ့။ ဂရုစိုက်ပေးလေ ပိုချစ်လေလို့ ဆိုရမည်။ ကားတံခါးကို အလိုက်သင့်ဖွင့်ပေးတဲ့ ဂျောင်ဂုကို ပြုံးပြရင်း အထဲဝင်ထိုင်လိုက်တော့၏...
ပစ္စည်းတွေ အထုတ်တွေကို ကားနောက်ဖုံးထဲ ထည့်ပြီး ဂျီမင်းဘေး ဝင်ထိုင်လိုက်တော့ ကိုယ့်ကို လာနမ်းတဲ့ နှုတ်ခမ်းတစ်စုံ

ပြွတ် ~

နမ်းပြီး ခပ်တည်တည် ပြန်ထိုင်တော့ ဂျောင်ဂု သိပ်မကျေနပ်ချင်။

'' အဲ့လို လုပ်လို့ရတယ် ပေါ့လေ''

'' ဘာကိုလဲ!?''

'' အယ်~ နမ်းပြီး မသိချင်ယောင် ဆောင်နေတာလေ
လာခဲ့ ဒီကို~''

ဂျောင်ဂု သူ့ဘက်ကို အပါဆွဲခေါ်လိုက်တော့ ရင်ခွင်ထဲ ရောက်လာတဲ့ ဂျီမင်းလေး။

'' ကိုကို လွတ်ကွာ ''

'' မလွတ်ပါဘူး ''

'' မရှက်ဘူးလား Driver ဦးလေးကြီး ကြည့်နေပြီ ''

ဟုတ်ပါတယ် ။ သူတို့ ပလူးနေကတည်းက အရှေ့က ဦးလေးကြီး
မှာ မနေတက်မထိုင်တတ်ဖြစ်​နေတာ။
ဂျောင်ဂု မှ ချောင်းဟန့်ရင်း

'' အဟမ်း ဦးလေးကြီး ဟိုတယ်ကို မောင်းတော့လေ''

''ဟုတ် ဟုတ်ကဲ့''

ထိုခါမှ အသိပြန်ဝင်တဲ့ ဦးလေးကြီးကို ကြည့်ပြီး ဂျီမင်း ရီမိသည်။
ကိုကိုကတော့လေ တကယ်ပဲ .. ရှေ့မကြည့် နောက်မကြည့်နဲ့။
ရှက်မို့ ကောင်းချက်။

        မုန်းသည်...  / (Completed) Wo Geschichten leben. Entdecke jetzt