ကိုကို့ ကို မုန်းသည်...(Ep- 15)

5.3K 566 27
                                    


#ZG

   မှောင်မဲနေတဲ့အခန်းထဲ ကောင်လေးတစ်ယောက်...
သူဘယ်လောက်အော်ပြီး အကူအညီတောင်းတောင်း အခန်းထဲမှာတော့ တိတ်ဆိတ်လျက်... သူအပြင်ထွက်ဖို့ကြိုးစားတယ်။
ပြေးထွက်သွားတဲ့ လမ်းတစ်လျောက်... မိန်းမကြီးတစ်ယောက်နဲ့ကလေးလေး...ထိုမိန်းမကြီးမျက်နှာမှာ..ကြောက်ရွံမှုတွေကြီးစိုးနေတယ် ။ အနောက်ကို လှည့်ကြည့်လှည့်ကြည့်နှင့် အမောတဂေါ်ပြေးလွှားနေ၏။ ရုတ်တရက် ကားတစ်စီး...
မိန်းမကြီးမှာ အပူတပြင်းပြေးနေ၏။ ကားလာသည်ကိုမမြင်
သူလှမ်းအော်ပြောလိုက်သည်။ '' ...အရှေ့မှာ ကား.....''
နောက်ကျသွားပြီ ထိုကားမှာ မိန်းမကြီးနဲ့ ကလေးအားတိုက်သွားသည်။ ဒါမဲ့ကလေးလေးက အသက်ရှင်နေသေးသည်။ မိန်းမကြီးမှာ ကားတိုက်ခံရတဲ့ ဒဏ်ကြောင့် လမ်းမပေါ်မှာ သွေးသံတရဲရဲနှင့်
''...သား...ဂျီမင်းလေး..''.သူ့နာမည်ကိုခေါ်လိုက်တာကြောင့် အနားကပ်သွားကြည့်တော့ မိန်းမကြီးက ပြုံးပြသည်။'' ...မေမေ သားကိုချစ်တယ်နော်...''.သူ့ရင်ထဲ ဝမ်းနည်းခြင်းတွေ ပြည့်နက်လာတယ်။
ဒါသူ့မေမေလားပေါ့ အခြားသူမသိရင်မသိမယ်...ကိုယ်သွေးသားကိုတော့လိမ်လို့မရပေ။..''. မေမေ...မေမေ...''.ဟုတ်တယ် ဒါသူ့မေမေပဲ... ။ ထို့နောက် ကားထဲမှ လူနှစ်ယောက် ထွက်လာတယ်။
တစ်ယောက်က အသက်ကြီးကြီး လူကြီး...၊ နောက် တစ်ယောက်က..ဟင် သူ့ကိုကို ပဲ..ကိုကိုက ဘယ်လိုလုပ်...ဟင့်အင်း...ကိုကိုကြောင့် မေမေသေရတာလား..
မဟုတ်ဘူး ကိုကိုက အဲ့လိုလုပ်မဲ့သူ မဟုတ်ဘူး...
မဟုတ်ဘူး........

အား.....''

''...ဂျီမင်း... သားငယ်လေး... သတိရလာပြီလား..''

''..သား...ရေဆာတယ်...''

''အေးအေး ဒီမှာ...ဂျီမင်း... အိမ်မက်ဆိုးတွေ မက်ပြန်ပြီလား..''

အင်း...''
မေမေကြီး...သားကို အမှန်အတိုင်းဖြေပေးပါ...
သားကို ဘယ်ကနေမွေးစားထားတာလဲ..''

''...မိဘမဲ့ဂေဟာကနေ...''

''...သားကို မလိမ်နဲ့...''

ဂျီမင်း အမှန်အတိုင်းသိချင်သည်။ အဖြေကိုသူသိပေမဲ့
အမှန်ကိုပြောမလားဆိုတဲ့ အသိနဲ့ မေးမိခြင်းပင်။ သို့သော် သူ့ကို ညာနေကြဆဲ လိမ်နေကြဆဲပင်....

        မုန်းသည်...  / (Completed) Kde žijí příběhy. Začni objevovat