ကိုကို့ ကို မုန်းသည်...(Ep- 14)

5.1K 557 26
                                    


#ZG

လောကဓံကိုရင်ဆိုင်နိုင်တယ်... မင်းရှိရင်ပေါ့.

...........
''မေရီ...ကျွန်တော့်ကို အချိန်ထပ်ပေးစေချင်တယ်..''

ဂျောင်ဂု ဂျီမင်း ကျန်းမာရေး စိတ်ပူနေတာကြောင့် လက်ထက်ပွဲကို
ရက်နောက်ဆုတ်ပေးဖို့ မေရီ ဆီမှာ တောင်းဆိုနေသည်။
ဒါပေမယ့်....

'' ရက်နောက်ဆုတ်ပေးဖို့ မဖြစ်နိုင်ဘူး ဂျောင်ဂု.. ကျွန်မအဘိုး
အခြေအနေက ကောင်းတာမဟုတ်ဘူး..အမွေတေရမှ ရှင့်ပြဿနာကို ကျွန်မကူလို့ရမှာ...နောက်၂ရက်မှာ မင်္ဂလာပွဲ ကျင်းပမှာမို့...ရှင်ဒီတိုင်းပဲ သိထားပါ...''

မေရီ ထွက်သွားပြီးနောက် ဂျောင်ဂု ဂျီမင်းရှိရာ အခန်းထဲ ဝင်လာသည်။ သူ့ခလေး သတိမရသေးတာ ၂ရက်လောက်ရှိပြီ ။
ဆေးရုံမှာ သူ့သူငယ်ချင်းတွေကတော့ လာစောင့်ပေးရှာပါတယ်။
ကုမ္ပဏီကတစ်ဘက် ဂျီမင်းကတစ်ဘက် ဗျာများနေပြီ။

"အမေ... ကျွန်တော် လက်ထက်ပြီးရင် ဂျီမင်းကို ပိုဂရုစိုက်ပေးပါ"

"အေးပါ... မင်းသာစိတ်ဖြောင့်ဖြောင့်နဲ့ လက်ထက်...အမေအားလုံးကို တာဝန်ယူပေးမယ်...သားငယ်က ခုထိသတိမရသေးတာ
အမေတို့ ဘာတတ်နိုင်မလဲ... သူနိုးလာရင် အမေကြည့်ပြောပေးပါ့မယ်"

ဘာမှ မသိတဲ့ အမေ့အတွက်က ကောင်းပါတယ်။ ခုချိန်အရေးကြီးတာက ဂျီမင်း သတိရဖို့ ။

.......

မင်္ဂလာပွဲက အကျဉ်းရုံးသာ လုပ်ဖြစ်သည်။ လူအများကြီး မဖိတ်တော့ သူ့ဆွေမျိုး ကိုယ့်ဆွေးမျိုး လောက်သာ ရှိသည်။ တစ်ဘက်မှာတော့....

.''ဟင်...အင်...ငါ ဘယ်ရောက်...Tae ya~ မင်းဘာလုပ်နေတာလဲ ''

ဂျီမင်းလေး သတိရလာပြီ။ ဂျောင်ဂု အကူအညီတောင်းတာမို့ Tae နဲ့ Yuri ဂျီမင်းကို ဒီနေ့ အခန်းစောင့်လုပ်ပေးနေသည်။

''ဂျီမင်း... ဂျီမင်း မင်းသတိရလာပြီ...ဝမ်းသာလိုက်တာကွာ''

''ဟျောင့်... အရမ်းမဖက်နဲ့ ငါနာတယ်ကွ...''

''ဟဲ့ နင်ကလည်း ဇွတ်မဖက်နဲ့လေ ဂျီမင်းက ဒဏ်ရာတွေနဲ့ ဟ''

        မုန်းသည်...  / (Completed) Wo Geschichten leben. Entdecke jetzt