ကိုကို့ ကို မုန်းသည်...(Ep- 17)

5.3K 561 17
                                    


#ZG

ကွန်တိုရောက်တော့ ဂျီမင်း အနားယူရင်း အရင်ကအကြောင်းတွေ ပြန်စဉ်းစားမိသည်။
လွန်ခဲ့တဲ့ငါးနှစ်...ဂျီမင်းဆေးရုံတက်နေတဲ့ အချိန်
အခန်းထဲ လူနာစောင့်မရှိခင် လူတစ်ယောက်ရောက်လာတယ်။
ထိုလူက အခြားမဟုတ် နယူးယောက်က အန်ကယ်ဆိုသူပင်။
သူ့အမေရဲ့ မောင်အရင်း...သူ့အန်ကယ်မှာ အခြားသွေးသားမရှိ။ ထို့ကြောင့် နောက်ဆုံးကျန်ရှိတဲ့သွေးသားအရင်းဖြစ်တဲ့ဂျီမင်းအား အနှစ်နှစ်အလလ လိုက်ရှာနေတာ။ တွေ့မဲ့တွေ့တော့ ဆေးရုံမှာ... သူနှင့် နယူးယောက် လိုက်ခဲ့ဖို့ခေါ်သည်။ အစကတော့ ဂျီမင်း ငြင်းသည်။ သူ့ကိုကို မင်္ဂလာမဆောင်ခင်ကပေါ့။
နောက်တော့ လက်ထက်တဲ့အကြောင်းကိုပင်မသိမပေးခံရတာကတစ်ကြောင်း။ ကတိတွေ အထပ်ထပ်ပေးခဲ့ပြီးမှ ရက်စက်ခဲ့တာကတစ်ကြောင်း ။ ကိစ္စတွေ အလုံးစုံသိသွားတာကြောင့် ပိုခံပြင်းသည်။ သို့နှင့် သူသတိလစ်သွားပြီးနောက်.. သူနိုးလာတော့ ဘေးတွင် ဂျောင်ဂု ရှိနေတယ်။ သူလည်း အခွင့်ကောင်းစောင့်ကာ ဆေးရုံမှ ထွက်ပြေးပြီး သူ့အန်ကယ်ခေါ်ရာ နယူးယောက်သို့လိုက်သွားလိုက်သည်။ ငယ်တုံးမို့ ရူးရူးနှမ်းနှမ်းတွေ လုပ်ကောင်းလုပ်မိမယ်။ ဒါမဲ့ သူ နာကြည်းသည်။ မထင်ထားတဲ့ သူက သူ့အမေကို ကားနဲ့ တိုက်ခဲ့တာပဲ ပြီးတော့ သူ့ရဲ့ ခံစားချက်​တွေကိုလည်းလှည့်စားခဲ့တာပဲ မဟုတ်လား။
အဲ့အတွက် သူ မုန်းတီးမှုတွေကြီးထွားလာတော့သည်။
သူ့တသက် အလိမ်တွေနဲ့ ကြီးပြင်းလာခဲ့ရတာ ဘေးမှာရှိတဲ့ လူတွေအားလုံး သူ့ကို လိမ်ညာပြီး နေခဲ့ကြတာမလား။
သူ့အန်ကယ်က သူ့အပေါ် အဖေတစ်ယောက်လို ကောင်းပါသည်။ နယူးယောက်မှာ ပညာတွေစုံအောင်သင်ကြားပေးပြီး လုပ်ငန်းတွေလည်း
ပေးခဲ့သည်။ ဒါမဲ့ ဖေဖေအကြောင်းမေးတော့ ကြားရတဲ့သတင်းက မကောင်းပါ။ ဖေဖေဟာ မေမေနဲ့ လက်ထပ်ပြီးနောက် အလောင်းကစားတွေ လုပ်လာတယ်တဲ့။ အရက်သောက်။ ပြန်လာရင် မေမေကို နှိမ်စက်သေးသည်။ အရမ်းဆိုးခဲ့တဲ့ ဖေဖေတစ်ယောက်အကြောင်း အန်ကယ် ပြောမှသိရသည်။ ရင်ထဲတော့ မကောင်း....

''ဟူး....ငါ့ဘဝကြီးက အပျော်တွေ မရှိခဲ့ဘူးပဲ ပျော်ခဲ့ရတဲ့အချိန်က
အတုအယောင်တွေ ဟက် ''

        မုန်းသည်...  / (Completed) Kde žijí příběhy. Začni objevovat