Chapter (11)

8.5K 1.2K 23
                                    

အိမ်ထဲကနေ တိတ်တဆိတ် ထွက်သွားတဲ့ ကောင်လေးတစ်ယောက် အနောက်ကို အရိပ်လေးနှစ်ခုက လိုက်လာတယ် ။

အချိန်အနည်းငယ် အကြာလိုက်ပြီးအနောက်မှာတော့ အမှောင်ရိပ်ထဲမှာ ဟိုတစ်ခါက သူ့ကိုလိုက်ဖမ်းတဲ့ကောင်တွေနဲ့ စကားပြောနေတဲ့ ရိန်း ကို တွေ့လိုက်ရတဲ့ အချိန်မှာ ရှောင်းကျန့် ရဲ့ သံသယတွေက သေချာသွားခဲ့တယ် ။

တကယ်ဆို သိမှာမဟုတ်ပေမယ့် ရှောင်းကျန့် ညသန်းခေါင် ရေထ,သောက်မိတာကိုပဲ ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိသွားတယ် ။ ရေသောက်မယ်ဆိုပြီး အခန်းထဲကထွက်လာတော့ ဆိုဖာပေါ်မှာ ရိန်း မရှိတော့တာကို သတိထားမိလိုက်တာဖြစ်တယ် ။

ဒါကြောင့် ရိပေါ် နဲ့ တိုင်ပင်ပြီး နှစ်ရက်လောက်အခြေအနေစောင့်ကြည့်ပြီးမှ ရိန်းရဲ့ အနောက်ကို အခုလိုမျိုး လိုက်လာခဲ့တာဖြစ်တယ် ။

"ခွပ်..!!"

ပူထူသွားတဲ့ ပါးပြင်တစ်ဖက်နဲ့အတူ ရိန်း ရဲ့ ခန္ဓာကိုယ်က ယိုင်ထွက်သွားခဲ့တယ် ။ စိတ်တိုပြီး ပြန်ထိုးမယ် အလုပ်မှာ မြင်ရတဲ့ မျက်နှာကြောင့် ရိန်း ကိုယ်တိုင်ဆွံ့အသွားခဲ့တယ် ။

"ရှောင်းကျန့်... "

"မင်း...ဘယ်သူလဲ "

"ဘယ်တုန်းက သိသွားတာလဲ"

"မင်းကို ပထမဆုံးကယ်ခဲ့တဲ့ နေ့ကတည်းကပဲ"

"ဘယ်လို"

"မင်း ပြောတဲ့စကားအရဆို ရှောင်းကျန့် ကို သေပြီပြောပေမယ့် မင်းက မယုံဘူး လို့ပြောခဲ့တယ် ။ အဲ့လိုပြောကတည်းကိုက ရှောင်းကျန့် ဆိုတာ အသတ်ခံရတာပဲ "

"ကားမှောက်တာလည်း ဖြစ်နိုင်တာပဲ"

"ဒါပေါ့..ဒါပေမယ့် ကားမှောက်တာဆိုရင် မင်းဘာကို လိုက်စုံစမ်းမှာလဲ "

ရှောင်းကျန့် စကားဆုံးတော့ ရိန်းက လက်ခုပ်တစ်ဖြောင်းဖြောင်း ထ,တီးတယ် ။

"တော်လိုက်တာ ။ မှန်တယ် ရှောင်းကျန့် က အသတ်ခံရတာ ။ ခင်ဗျားကို တွေ့တော့ ရုပ်ချင်းတူလို့ ဒရမ်မာဝင်ခင်းရုံပဲ ။ ပြီးတော့ ခင်ဗျားနာမည်ကလည်း ရှောင်းကျန့် ပဲလေ"

The Ghost & Me [ Completed ]Where stories live. Discover now