Chapter (18)

7.6K 1K 56
                                    

"ကျန့်ကော...!!!!"

ရိပေါ် သူ့ကို တိုက်ခိုက်နေတဲ့ လူတွေကို အရှိုက်တည့်တည့်ကိုပဲ အထိနာအောင်ကန်ပစ်လိုက်တယ် ။

"ဟေ့ကောင်တွေ!!! လစ်ကြရအောင်!!"

တစ်ယောက်ရဲ့အော်သံအဆုံးမှာ ရိပေါ်ကို ထပ်ပြီးမတိုက်ခိုက်လာတော့ပဲ မြင်ကွင်းအောက်ကနေပျောက်သွားကြသော လူဆိုးများ ။

ရိပေါ် နဂိုအတိုင်းဆို အဲ့ကောင်တွေအနောက်ကနေ လိုက်သွားပြီး စာရင်းရှင်းပစ်မှာဖြစ်ပေမယ့် ကျန့်ကောထက်အရေးကြီးတာ မရှိတော့တာကြောင့် ကျန့်ကောအနားပြေးသွားလိုက်တယ် ။

"ကျန့်ကော.."

ရိပေါ် က ရှောင်းကျန့် ကို ပခုံးကနေဖက်ပြီး ရင်ခွင်ထဲထည့်ပွေ့ထားတယ် ။

"ရိပေါ် "

"ဆေး..ဆေးရုံ သွားကြရအောင် "

ရိပေါ် ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိ ။

"နာတယ်"

"အင်း..သွားကြမယ်လို့"

"မဖြစ်ဘူး ။ ပြဿနာတက်လိမ့်မယ်"

"ခင်ဗျား...ရူးနေလား!!!"

မျက်နှာကဖြူလျော့လာသည့်တိုင်အောင် ဆေးရုံမသွားချင်ဘူး ငြင်းနေတဲ့လူကြီးကို ရိပေါ် တကယ်စိတ်တိုရတယ် ။

"ကိုယ်...နောက်ဆုံးတစ်ခုပြောချင်တယ်"

"ဟင့်အင်း...အဲ့လိုမပြောနဲ့ "

ရိပေါ် မျက်ရည်တွေကျလာတယ် ။ ကျန့်ကောက ဘာလို့သူ့ကို နှုတ်ဆက်သလိုမျိုးကြီးပြောနေရတာလဲ ။

"ကိုယ်...မင်းကိုနမ်းချင်တယ်"

"ဟင်"

"ဟားဟားဟား...ညစ်ပတ်လေး "

ရှောင်းကျန့် က ရယ်နေသည့်တိုင် ရိပေါ် က မျက်မှောင်ကြုတ်လို့။ ဒီလူရူးသွားတာလား? ဓားထိုးခံရပြီးတော့လေ ။ ဘာလို့ရယ်နေတာလဲ!!

ရှောင်းကျန့် က သူ့ဗိုက်မှာ စိုက်ဝင်နေတဲ့ ဓားကိုဆွဲထုတ်လိုက်တယ် ။ ပြီးတော့ သူ့လက်က ရိပေါ် ရဲ့အဖိုးပေးထားတဲ့ ကြိုးနီလေးကို ဖြည်ချလိုက်တော့ ဝိညာဉ်လို မှိန်ပြပြလေး ဖြစ်သွားပြီး ဓားထိုးခံရတဲ့ ဒဏ်ရာပျောက်သွားတဲ့အပြင် ရိပေါ်မှာ ရှောင်းကျန့်ကို ထိမရတော့ ။

The Ghost & Me [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin