Extra - 1

7.1K 904 22
                                    

18 နှစ်အရွယ် ကောင်လေးတစ်ယောက်က ရိပေါ်ရဲ့ ရုံးခန်းထဲမှာ လက်နောက်ပစ်ပြီး ဟိုဟိုသည်သည်လျှောက်ကြည့်နေတယ် ။ ရိပေါ်ကတော့ ထိုကောင်လေးရဲ့ လှုပ်ရှားမှုများကို လိုက်ကြည့်နေရုံ ။

ရိပေါ် တကယ်ကို မယုံကြည်နိုင်ဘူး ။ ဒါတကယ်ပဲ ကျန့်ကောလား ။ တူတယ် ။ ချွတ်စွပ်ကိုတူတယ် ။ သူနဲ့ အတူရှိခဲ့ချိန်တုန်းက ကျန့်ကောထက် အများကြီး ပိုငယ်သွားပုံပေါ်တာကလွဲရင် ဘာမှမပြောင်းလဲ ။

ပြောရမယ်ဆို လူငယ်လေး ရှောင်းကျန့် သူ့ရှေ့ရောက်နေသလိုမျိုး ။

ဒါပေမယ့် သူမယုံကြည်နိုင်ဘူး ။

"Honey...ဘာတွေစဉ်းစားနေတာလဲ ။ ကိုယ်​က Honey ဆီကို တကူးတကတောင် ပြန်လာရှာတာကို Honey က ကျောက်ရုပ်ကြီးလိုပဲ နေနေတော့မှာလား"

"တကယ်ပဲ ကျန့်ကောလား"

"Handsome type ကြီး ပျောက်သွားတာကလွဲရင် နဂိုအတိုင်းပါပဲ "

ရိပေါ် က ထိုတော့မှ ရှောင်းကျန့် ကို ပြေးဖက်တယ် ။ ရှောင်းကျန့် က ပြန်လည်မွေးဖွားလာတာဖြစ်လို့ ဒီဘဝမှာတော့ ရိပေါ်ထက် အရပ်အနည်းငယ်ပုနေတယ် ။

ရှောင်းကျန့် လည်း သူအရပ်ပုသွားတာကို သဘောမကျဘူး ။ ဒါပေမယ့် ကိစ္စမရှိဘူး ။ သူက အခုမှ 18 နှစ်အရွယ်ပဲ ရှိသေးတာ ။ အရပ်ထပ်ရှည်လာဖို့အကြောင်းတွေ အများကြီး ကျန်သေးတယ် ။

"ရှောင်းကျန့်...အိုက်ယား ကျွန်တော့်ထက်ပုနေပါလား"

"ဘာ ရှောင်းကျန့် လဲ!!"

"18 နှစ်ဆို ကျွန်တော့်အသက် 30 ကျော်ပြီသိရဲ့လား "

"Honey ထက်အသက်ပဲငယ်သွားတာပါ ။ တစ်ချို့အရာတွေက ပုံမှန်အတိုင်းပါပဲ"

ရှောင်းကျန့်က ပြုံးစိစိနဲ့ သူ့အောက်ပိုင်းကို မျက်စပစ်ရင်းပြောတယ် ။ ရိပေါ် မျက်နှာ ရဲခနဲနီသွားတယ် ။

"အရှက်မရှိလိုက်တာ"

ရိပေါ် က တစ်ခွန်းတည်းပြောပြီး အပြင်ထွက်သွားတယ် ။ ရှောင်းကျန့် ကတော့ရယ်လို့ ။

ဒီဘဝမှာ ရှောင်းကျန့် အတွက်ဘာတွေပြောင်းလဲသွားသလဲဆိုရင် သူ့မှာ သူ့ကိုအရမ်းချစ်ပေးမယ့် အမတစ်ယောက် ရှိတာပါပဲ ။ အမေကတော့ သူမွေးကတည်းက ဆုံးသွားတာဖြစ်လို့ မျက်နှာတောင် တွေ့ခွင့်မရလိုက်ဘူး ။ အဖေကတော့ အလုပ်နဲ့မို့ ပုံမှန်ပဲ ချစ်ပေးတယ် ။ အမကိုတော့ပိုချစ်တယ်ဆိုပေမယ့်လို့ ။

The Ghost & Me [ Completed ]Tahanan ng mga kuwento. Tumuklas ngayon