Chapter (23)

6.7K 968 8
                                    

"ကျန့်ကော...!"

ရှောင်းကျန့် နောက်လှည့်ကြည့်လိုက်တယ် ။

"ရိပေါ်...!!!"

ရှောင်းကျန့် က ရိပေါ် ကို ပြေးဖက်လိုက်တယ် ။ သူ့ရင်ခွင်ထဲကနေ လွတ်ထွက်သွားမှာစိုးတဲ့အတိုင်း ။ ရိပေါ် က သူ့ကျောပြင်ကို ပြန်သိုင်းဖက်လာတဲ့အခါမှာ ရှောင်းကျန့် ငိုချမိတော့တာပဲ ။

ရိပေါ် က ရှောင်းကျန့် ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးရင်း နှစ်သိမ့်ပေးရှာတယ် ။ ရှောင်းကျန့် က ရိပေါ် ကို ဖက်ထားရာကနေ ခွာပြီး ရိပေါ် မျက်နှာကိုငေးကြည့်တယ် ။

ရိပေါ် ကတော့ ရှောင်းကျန့် မျက်နှာကိုမြင်တာနဲ့ စိုးရိမ်မှုတွေဖြစ်ပေါ်လာတယ် ။ နှုတ်ခမ်းတွေ ပြာနေတဲ့အပြင် နဖူးကလည်း သွေးတွေစီးကျလို့ ။

"ဘယ်လိုဖြစ်တာလဲ..."

ရိပေါ် အသံကနူးနူးညံ့ညံ့ ။

"ကိုယ် မင်းကို ဆုံးရှုံးရပြီထင်တာ" တဲ့ ။ ရှောင်းကျန့် အသံက ခပ်အက်အက်ပါပဲ ။ သူစကားအများကြီးပြောမိရင် ဒီနေရာမှာ ထပ်ငိုမိတော့မယ် ။

.............

ရိပေါ် က ရှောင်းကျန့် ခေါင်းကို သဘက်နဲ့ရေသုတ်ပေးနေတယ် ။ ဒဏ်ရာတွေကတော့ မရှိတော့ဘူး ။ ရှောင်းကျန့် ကို လူတစ်ယောက်လိုပဲ တွေ့မြင်နေချင်တဲ့ ရိပေါ် အတွက် လက်ကကြိုးနီကိုဖြုတ်ပြီး ဒဏ်ရာတွေကို ပျောက်စေတာက အချက်ပေးခေါင်းလောင်းသံ နဲ့တူတယ် ။ ဒါပေမယ့် သူလက်ခံခဲ့ပါတယ် ။ ကျန့်ကော မျက်နှာက ဒဏ်ရာတွေကို သူမမြင်ချင်တော့လို့ ။

"ဘယ်လိုလုပ်ပြီး..ဒီမှာ"

"ခင်ဗျား စကားကိုနားထောင်ပြီး ပြန်သွားရင် လေယာဉ်ပျက်ကျတဲ့ အထဲ ကျွန်တော်ပါသွားလောက်ပြီပေါ့"

လေဆိပ်မှာတည်းက သူ့ရဲ့စိတ်တွေလေးလံနေတာ ။ မသွားဖို့ကို တစ်ယောက်ယောက်က တားနေသလိုမျိုး ။ အချိန်အတော်အကြာ စဉ်းစားပြီးမှ မသွားဖို့ကို ဆုံးဖြတ်ချက်ချခဲ့တာ ။

ဒါပေမယ့် ကျန့်ကော ဆီလည်း သူလိုက်မသွားချင်တာကြောင့် အနီးနားက Hotel တစ်ခုမှာ ငှါးနေလိုက်တာ ။ အလုပ်ရှုပ်နေရတဲ့အထဲ သူကပါ ကျန့်ကောအတွက် အလုပ်တစ်ခုထပ်ဖြစ်သွားမှာစိုးတာ ။

The Ghost & Me [ Completed ]Donde viven las historias. Descúbrelo ahora