Chapter (15)

8K 1.1K 24
                                    

တစ်ဖက်က အဖြေတစ်ခုကို မျှော်လင့်စွာစောင့်စားနေတဲ့ ရိပေါ် မျက်လုံးလေးက တလက်လက် ။

"အင်း...အဲ့တော့ ချစ်တယ်သွားပြောလိုက်လေ"

သူ့ရှေ့က ကောင်မလေးရဲ့ စကားအဆုံးမှာ ရိပေါ် မျက်နှာလေးမဲ့ကျသွားတယ် ။

"ပြောစရာလား "

"နင့်အဖြစ်ကလေ လင်လည်းလိုချင်တယ် ဗိုက်ကြီးမှာလည်း ကြောက်တယ်ဖြစ်နေတာ သိလား"

"ဘာ..!!! ငရုပ်စေ့နဲ့ပေါက်လိုက်ရ"

တကယ်တော့ ရိပေါ် စာကြည့်တိုက်ထဲမှာ တစ်ခါက သူတွေ့ခဲ့တဲ့ သရဲမနဲ့ စကားပြောနေခြင်းပင် ဖြစ်တယ် ။ စာကြည့်တိုက်က စာလေ့လာသူ နည်းနည်းပဲရှိတာဖြစ်လို့ ထောင့်နားမှာထိုင်ပြီး တစ်ယောက်တည်း စကားပြောသလိုဖြစ်နေတဲ့ ရိပေါ်ကို သတိထားမိကြပုံမရဘူး ။

ဟူး...ကျန့်ကောကြောင့် ဘာလုပ်ရမှန်းမသိလို့ သူ့လာတိုင်ပင်ပါတယ် သရဲမက လူကိုလာဖဲ့နေတယ်!

ရိပေါ် က ခံစားချက်တွေကို ဦးစားပေးတတ်တဲ့ သူမျိုးမဟုတ်ဘူး ။ လူတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ခင်တွယ်နေရတာမျိုးကိုလည်း သူမကြိုက်ဘူး ။ ဒါကြောင့် သူက ကျောင်းမှာ အချေမင်းသားလို့ကို နာမည်ကြီးတဲ့အထိပဲ ။ ဒါပေမယ့် ကျန့်ကော..သူ့ဘဝထဲကို ဝင်လာတဲ့ အချိန်ကစပြီး ရယ်တာ ၊ စိတ်တိုတာ အရာအားလုံး ဒါမှမဟုတ် ခြောက်ကပ်နေတဲ့ ဘဝလေးက စိုပြေလာတာမျိုး ဖြစ်လာခဲ့တယ် ။

ကျန့်ကော လူဖြစ်လာပြီး နောက်ပိုင်းမှာ သူ့ခံစားချက်တွေ ပိုပြီးရှုပ်ထွေးလာခဲ့တယ် ။ ဒီလူကို ငေးကြည့်ချင်တာမျိုး ။ ဒီလူကို မြင်ရင် ရင်ခုန်လာတာမျိုးပေါ့ ။

"မောလိုက်တာဟယ်...နောက်နေ့ကျလည်း ချောကလက်ကိတ် ဝယ်ခဲ့ဦး"

သရဲမက သူ့ရှေ့ချပေးထားတဲ့ ချောကလက်ကိတ် မှ အားမနာ ရိပေါ် ကို ခပ်ပြုံးပြုံးလေးပြောတယ် ။

ရိပေါ် ကတော့ ပြန်ပြုံးပြရင်း သရဲမကို လက်ခလယ်ထောင်ပြလိုက်တယ် ။

ပိုက်ဆံက သူပေးမှာလား!

ကိတ်မုန့်လည်း ထိတွေ့ကိုင်တွယ်ပြီး စားလို့ရတာမဟုတ်ပဲနဲ့ ဘာလို့ခဏခဏမှာနေမှန်း ရိပေါ် စဉ်းစားမရဘူး ။

The Ghost & Me [ Completed ]Where stories live. Discover now