Zawgyi
ဒါဆိုအစ်ကိုပြောချင်တာက..."
"ကိုယ်တို့သားလေးမှိုင်းခေတ်ကိုစွန့်ပစ်လိုက်ရအောင်ကွာ!!..."
"ဟင် ကျွန်မသားလေးကိုကျွန်မဝမ်းနဲ့လွယ်ပြီးမွေးထားရတာပါ
ရှင်လူသားမဆန်တဲ့စကားမျိုးမပြောပါနဲ့
ဒါကကျွန်မသား ဘာအကြောင်းပြချက်နဲ့မှစွန့်မပြစ်နိုင်ဘူး
ဒါကိုရှင်သိထားပါ""မဟုတ်ဘူးလေ မေ ရယ် ဒါကကိုယ်တို့သားလေးရဲ့ရှေ့ရေးကိုကြိုတွေးပြီးပြောရတာပါကွာ...
"တော် တန် တိတ်စမ်း ရှင်နောက်ထပ်ဒီစကားမျိုးဘယ်တော့မှထပ်မပြောရင်ကောင်းလိမ့်မယ်"
"မေ ရယ်ကိုယ်ပြောတာကိုသေချာလေးနားထောင်ကြည့်ပါကွာ နော်
ကိုယ့်သားလေးကို သူများတွေနှိမ့်ချဆက်ဆံမှာ ကိုယ္မလိုလားဘူး ပြီးတော့ဒါကကိုယ့်သားအရင်း
ကိုယ့်ကိုလူသားမဆန်ဘူးလို့တော့မပြောပါနဲ့ကွာ
နောက်ပြီးတော့လည်း ဒါကသားလေးအတွက်ပိုအဆင်ပြေနိုင်တယ်
သားလေးကအခုမှ ၁၀ နှစ်ပဲရှိသေးတာလေ
ဂေဟာကိုသွားပြီးစွန့်ပစ်လိုက်တာက သားလေးအတွက်ဟိုကစစ္စတာတွေက ကောင်းရာကိုလမ်းညွှန်ပေးနိုင်မှာပါ"အဖေဖြစ်သူမှာမိဘမဲ့ဂေဟာကိုပို့ဖို့အကြောင်းကိုပြောနေသော်လည်း မိခင်ဖြစ်သူမှာ ငိုကြွေးပြီးရင်းငိုကြွေးနေလေသည်
"သားလေးရယ် အမေတို့သားကိုမလိုချင်လို့စွန့်ပစ်တာတော့မဟုတ်ပါဘူးကွယ်
ဒါကသားလေးအတွက်ပိုပြီးကောင်းမယ်ထင်လို့ပါ
သားလေးအမေတို့ကိုမုန်းချင်လည်း မုန်းနိုင်ပါတယ်ကွယ်
အမေအပြစ်မပြောတော့ပါဘူး"ဟုဆိုကာရင်ဘက်ကိုထုရင်းငိုနေတုန်းပင်
ထိုအခါအဖေဖြစ်သူ၏အကြောင်းမျိုးစုံဖြင့်
အကျိုးအကြောင်းဆီလျော်အောင်ပြောတတ်မှုကြီးကြောင့်
သူ၏သားဖြစ်သူ မှိုင်းခေတ် အားဂေဟာသို့ပို့ပစ်ရန်
အမေဖြစ်သူသဘောတူလိုက်တော့သည်...
ထို့နောက်မှိုင်းခေတ်၏အခန်းဆီသို့ထွက်လာကာ.."မှိုင်းလေး သားးးး"
"ဗ်ာ မေမေ"
"လာ ထ မေမေတို့အပြင်သွားကြရအောင်"
YOU ARE READING
The Vibrant Painting🕔 { ကျိန်စာသင့်ပန်းချီကား } { ကျိန်စာသင့်ပန်းချီကား }
Teen FictionZawgyi + Unicode ဇာတ်ကောင်များအားစိတ်ကူးဖြင့်ဖန်တီးသည်😊 fictionသက်သက်သာဖြစ်သည် True story မဟုတ်😇 ဇာတ်ကောင်များအားစိတ်ကူးဖြင့်ဖန်တီးသည်😊 fictionသက်သက်သာဖြစ်သည် True story မဟုတ်😇