Zaw
"ငါ ဒီဂေဟာကမဖြစ်မနေထွက်ပြီးကူညီရတော့မယ့် အရာတွေရှိလာခဲ့ပြီပဲ"
နောက်တစ်နေ့ နေဝင်ကာနီးအချိန်တစ်ခုတွင်
အထုပ်အပိုးများပြင်ကာ ဂေဟာကနေထွက်ပြေးလာခဲ့သည်
မှောင်မဲနေသောလမ်းတစ်လျှောက်ကို လမ်းနှိပ်ဓာတ်မီးအားကိုးဖြင့် လူသွားလမ်းမပေါ်ရောက်အောင်မနည်းကြိုးစားလျှောက်လာခဲ့ရသည် မှိုင်းခေတ်တစ်ယောက်ထဲလမ်းလျှောက်နေစဉ်နောက်မှလူတစ်ယောက်လိုက်လာသည့်အသံ ခံစားချက်များကိုခံစားမိလာသည်
သူစိတ်ထဲမသင်္ကာဖြစ်လာ၍ လမ်းကိုခပ်သွက်သွက်ကလေးလျှောက်လာခဲ့သည်
သွားရင်းသွားရင်းနှင့်ပင် မိုးလင်းခါနီးအခြေအနေကိုရောက်ရှိလာခဲ့သည်"ငါဘယ်တော့မှလမ်းမပေါ်ကိုရောက်မှာလဲ တောခြုံအုံကြားထဲပဲမျက်စိလည်နေလားမသိဘူး
တကယ်ပဲ စိတ်ဆင်းရဲတယ် ကျစ်"ညည်းတွားသံများနှင့်အတူ စုတ်တစ်ချက်သတ်မိလိုက်သည်
နောက်မှခြေသံများကိုလည်းဆက်တိုက်ကြားနေရမြဲပင်မှိုင်းpov:"ဒီကောင်လေး ဘာလို့ငါ့နောက်ကိုလိုက်နေရတာလဲ ငါ့ဆီကဘာလိုချင်လို့လဲ"
သိချင်စိတ်များကိုမြိုသိပ်ပြီး လျစ်လျူရှုရင်း လားရာခရီးသို့ဆက်ထွက်လာခဲ့လေသည်
တစ်ညလုံးလည်းပင်ပန်းလာပြီဖြစ်၍ သစ်ပင်ကြီးကြီးတစ်ပင်အောက်တွင်နားရင်း မှေးခနဲအိပ်ပျော်သွားလေသည်
အိပ်နေဆဲမှာပင် မျက်နှာပေါ်သို့ အရာတစ်ခုနှင့်ဆော့ကစားနေသည့်ခံစားချက်များသက်ဝင်လာလေသည် မှိုင်းလည်းအိပ်ချင်မူးတူးနှင့်မျက်လုံးဖွင့်ကြည့်လိုက်ရာ
ချောမော်လွန်းလှသည့်ကောင်လေးတစ်ယောက် သွားတက်ကလေးများပေါ်အောင်ပင်ပြုံးရွှင်နေပြီး ငှက်မွှေးလေးတစ်ခုနှင့် ကျွန်တော့်မျက်နှာကိုဆော့ကစားနေသည်
စက္ကန့်အနည်းငယ်ကြာ မှိုင်း ထိုင်ငေးနေမိသည်
ထိုကောင်လေးမှာအရမ်းဖြူစင်လွန်းလှသည်
တွေးလက်စအတွေးတွေကိုလက်စသတ်လိုက်ပြီး"ဟင် မင်း မင်းဘယ်သူလဲ ဘာလို့ဒီမှာရှိနေရတာလဲ"
လန့်ဖြန့်ပြီးထအော်မိလေသည်
ထိုကောင်လေး၏မျက်လုံးများတွင်အရောင်လေးများလက်သွားသည်ကိုမှိုင်း တွေ့မြင်လိုက်ရသည်
YOU ARE READING
The Vibrant Painting🕔 { ကျိန်စာသင့်ပန်းချီကား } { ကျိန်စာသင့်ပန်းချီကား }
Teen FictionZawgyi + Unicode ဇာတ်ကောင်များအားစိတ်ကူးဖြင့်ဖန်တီးသည်😊 fictionသက်သက်သာဖြစ်သည် True story မဟုတ်😇 ဇာတ်ကောင်များအားစိတ်ကူးဖြင့်ဖန်တီးသည်😊 fictionသက်သက်သာဖြစ်သည် True story မဟုတ်😇