Part 5

199 16 2
                                    

Zaw

High wayလမ်းမကြီးပေါ်တွင် မှောင်မဲနေသောညအလယ်မှာ အနက်ကားကြီးထဲတွင်
သုတရှိုင်းခဗျာမေ့မျောနေရှာလေသည်
ကားလေးလည်းမောင်းလာလိုက်တာ 1 နာရီနီးနီးပင်ရှိပြီဖြစ်သည် ကားသမားမှာမောင်းနေရင်းရုတ်တရက် ကားကထိုးရပ်သွားလေသည်
ကားထဲကလူတွေကလည်းကိုယ့်ကိုယ်မထိန်းနိုင်ဘဲရှေ့သို့ဝင်စောင့်မိကြလေသည်

"Oh!"

"Ahh"

"သေပါပြီ"

ထိုအခါကားသမားဘေးမှအဖွဲ့ခေါင်းဆောင်က
ဒေါသထွက်သွားပြီးကားသမားအားဒေါသပုန်ကန်တော့လေသည်

"ဟေ့ကောင် မင်းကားကိုဘယ်လိုလုပ်မောင်းနေတာလဲကွ
ဒီမွာ ခေါင်းကိုပူထူသွားတာပဲ"

ဟုဆိုကာခေါင်းကိုတစ်ချက်ခါရမ်းပစ်လိုက်သည်
ထိုကားသမားမှာလည်း ထွက်မလာခင်ကားကိုသေချာစီစစ်ခဲ့၍ သေချာပြီဆိုမှမောင်းထွက်လာခြင်းပင်
သို့သော်လည်းဘာကြောင့်အခုလိုဖြစ်မှန်းကိုသူကိုယ်တိုင်ပင်မသိ အူကြောင်ကြောင်နှင့်ခေါင်းကုတ်နေရုံမှလွဲ၍ဘာမှမစဉ်းစားတတ်တော့

"မဟုတ်ဘူးနော်ဆရာ ကျွန်တော်ဒီလိုဖြစ်မှာစိုးလို့အစောကြီးကတည်းကသေချာပြင်ဆင်လာတာပါ အခုဘယ်လိုဖြစ်တာလဲဆိုတာတော့ကျွန်တော်တကယ်မသိတော့ဘူး"

"ကဲကွာစကားမများနဲ့အောက်ကိုတစ်ချက်ဆင်းကြည့်"

"ဟုတ် ဟုတ်"

"နောက်ကကောင်တွေမင်းတို့လည်းဆင်းလေကွာ အဲ့ကောင်လေးကိုကားထဲမှာထားခဲ့လိုက် ကားစီးလာတာလည်းကြာပြီဆိုတော့ အိပ်ချင်ပြေလမ်းခနလောက်လျှောက်ကြဦး တကယ်လို့ကားကအဆင်မပြေရင်လည်းဝိုင်းတွန်းကြတာပေါ့ကွာ"

"ဟုတ်ကဲ့ ခေါင်းဆောင်"

ကားထဲမှထိုလူများထွက်လာကြပြီးအညောင်းပြေအညာပြေလမ်းလျှောက်နေကြသည်
ကားသမားလည်းကားစက်ဖုံးဖွင့်ကြည့်ကာ အကြောင်းအရာအားရှာဖွေနေလေသည်
ဘေးနားပတ်ဝန်းကျင်ကိုလည်းစူးစမ်းလေ့လာကြည့်လိုက်တော့ တောင်တွေပတ်လည်ဝန်းရံနေပြီး
တဲ့စိတ်ချောက်ချားစရာနေရာကြီးတစ်ခု
နောက်ပြီးတောင်ထိပ်ပေါ်တွင်တစ်ခုတည်းထီးထီးကြီးတည်ရှိနေသော အိမ်အိုကြီးတစ်လုံးကိုမြင်တွေ့လိုက်ရသည်
ပတ်ဝန်းကျင်ကိုအကဲခတ်နေတုန်းမှာပဲသူတို့ရှိရာကို ကားနှစ်စီးရောက်ရှိလာပြန်လေသည်
ကားနှစ်စီးလုံးထဲတွင်ကားသမားများသာကျန်နေခဲ့ပြီး
ကျန်သူတဲ့အကုန်အပြင်သို့ထွက်လာကာ
လက်ထဲတွင်တုတ်များကိုင်ပြီး သုတရှိုင်း ကိုဖမ်းခေါ်လာသည့် အဖွဲ့ဆီသို့ဦးတည်လာခဲ့ကြသည်
မိုက်ကန်းကန်းမျက်လုံးများနှင့်တုတ်ကိုင်လာသောအဖွဲ့သည်ဘာမပြောညာမပြောနှင့် သုတရှိုင်း ကိုဖမ်းခေါ်လာသည့်အဖွဲ့အား ဝင်ရိုက်ပါလေတော့သည်
အရိုက်ခံရသောအဖွဲ့သည် သူတို့သတိလက်လွတ်နေဖြစ်ချိန်၍ ထိုသူတို့၏ရိုက်ချက်များအားမည်သို့မျှပင်ပြန်မခုခံနိုင်တော့ပဲထိုနေရာမှာပင်လဲလျက်ပင်ကျန်ခဲ့ရတော့သည်
ကားနှစ်စီးဖြင့်ရောက်လာသောလူများက ထိုလူတို့၏ကားပေါ်တွင်မေ့မျောနေသောသုတရှိုင်းအား
သူတို့၏ကားပေါ်သို့တစ်ဖန်တင်ဆောင်ကာ
ကားကိုပြန်လှည့်မောင်းခဲ့ပြန်တော့သည်
###########################
"Ahh!!! ကျစ် နာလိုက္တာ"

The Vibrant Painting🕔 { ကျိန်စာသင့်ပန်းချီကား } { ကျိန်စာသင့်ပန်းချီကား }Where stories live. Discover now