Part 6

190 17 2
                                    

Zaw

"တောက်!! ခွေးမသား မင်းတော်တော်မိုက်ရိုင်းပါလားကွ"

ဦးသုတလွင် စာရွက်ကိုကြမ်းပြင်သို့ကိုင်ပေါက်ကာဒေါသတော်တော်ထွက်နေလေသည်

"ဖေကြီးရေ နွယ်တို့ဘယ်လိုလုပ်ကြမလဲဟင် အဟင့်အဟင့်"

"နွယ်စိတ်အေးအေးထားနော် ကိုယ်သားလေးကိုပြန်ခေါ်ခဲ့ပေးမယ်နော် နွယ်စိတ်ကိုငြိမ်ငြိမ်လေးထား"

"ဘယ်လိုဖြစ်ရတာလဲ မမနွယ်ရယ် နန်းတို့ကပဲတောင်းပန်ပါတယ်နော် နန်းရဲ့သမီးသာ ရှိုင်းလေးကိုမထားခဲ့ရင်အဲ့လိုဖြစ်မှာမဟုတ်ပါဘူး"

"ကဲပါ နန်းရော နွယ်ရောကိုယ့်ကိုယ်ကိုအပြစ်တင်မနေကြပါနဲ့တော့
တကယ်တမ်းအပြစ်ရှိတာက ဟောဒီကမိသံသာမ"

"ရှင် သမီးလား ဖေဖေ့ဘာလို့သံသာလဲ"

"ဟုတ္တယ်သံသာ ဒီတစ်ခါသမီးမှားသွားပြီ
အရင်တုန်းကရှိုင်းအပေါ်ဆိုးတာကို မေမေတို့အမြဲသမီးကိုခွင့်လွှတ်ပေးခဲ့ကြတယ်
ဒါပေမယ့် ဒီတစ်ခါတော့မရတော့ဘူး မေမေတို့သမီးကိုခွင့်မလွှတ်နိုင်ဘူးနော်"

"ဟင် မေမေရယ် သံသာတောင်းပန်ပါတယ်နော်
ငရှိုင်းကိုဒီလိုဖြစ်စေချင်လို့ရည်ရွယ်ပြီးထားခဲ့တာမဟုတ်ပါဘူး တီလေး တီလေးသံသာ့ကိုယုံတယ်မဟုတ်လားဟင်"

သံသာတစ်ယောက်ရှိုင်းရဲ့မာမီအားမျက်နှာငယ်လေးနှင့်ပြောနေရှာသည်

"သံသာ့ကိုတော့တီလေးအပြစ်မတင်ပါဘူး ဒါပေမယ့်တီလေးသားလေးက....."

"သံသာ ဖေဖေသမီးကိုတစ်ခုပြောမယ် ရှိုင်းလေး ဒီလိုဖြစ်တာကသမီးအပြစ်လုံးဝမကင်းဘူး မနက်ဖြန်ကစပြီး ရှိုင်းလေးကိုသမီးကိုယ်တိုင်ထွက်ရှာရမယ် မတွေ့မချင်းပယအိမ်ကိုပြန်မလာရဘူး ဒါတစ်ချက်လွှတ်အမိန့်ပဲ"

"မောင်လေးရယ် မမသံသာ့ကိုအပြစ်မတင်ပါဘူး ဒီလိုလည်းလုပ်စရာမလိုပါဘူးကွယ်
သံသာကမိန်းကလေးလေ"

"မိန်းကလေးမို့ဒီလောက်ညှာပေးထားတာ သူဒီလောက်ဆိုးနေတာ ရှိုင်းလေးဆိုရင်သူ့ကိုအမြဲအလျှော့ပေးခဲ့တာပဲလေ အခုတော့လုပ်ပုံကကောင်းသေးရဲ့လားမမရဲ့"

The Vibrant Painting🕔 { ကျိန်စာသင့်ပန်းချီကား } { ကျိန်စာသင့်ပန်းချီကား }Where stories live. Discover now