Zaw
အထုပ်တစ်ထုပ်ပိုက်ထားသောကောင်လေးတစ်ယောက် သစ်ပင်နောက်မှထွက်လာလေသည်
"ဟင် မင်းဒီမှာဘာလာလုပ်နေတာလဲ"
"မှိုင်းခေတ် ငါလေငါ...ဟို"
"မင်းမှန်းငါသိတရ် ပိုသိချင်တာကမင်းဒီမှာဘာလာလုပ်နေတာလဲ
ဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ""ငါ ငါ ငါလေဟိုဟာ..."
"အစ်ကို့နာမည်ကမှိုင်းခေတ်လား"
ထိုကောင်လေးက မှိုင်းနှင့် နောက်ထပ်ရောက်ရှိလာသောကောင်လေးစကားဝိုင်းကြားမှဖြတ်ပြောလေသည်
"မင်းခဏအသာနေ "
"မှိုင်းခေတ် မင်းဘယ်သူနဲ့စကားပြောနေတာလေ"
"ဘယ်သူရှိမလဲ နာနာဘာဝတေရဲ့ကိစ္စအဝဝကိုလိုက်ကူညီပေးနေရတဲ့ငါက မှိုင်းခေတ်လေ အဲ့တော့အဲ့ဟာတွေနဲ့ပြောနေရတာပေါ့ကွ
ကျစ် ငါ့ကိစ္စခဏထား မင်းကိစ္စအရင်ရှင်း""ဟိုအာ့ကေလ ဟီးးးး ငါမင်းသွားမယ့်နေရာကိုလိုက်လို့ရမလား
ငါမင်းမရှိပဲဂေဟာမှာတစ်ယောက်ထဲမနေချင်ဘူးကွာ
ပြီးတော့လည်း ငါတကယ်ခင်တာမင်းတစ်ယောက်ထဲလေ တစ်ခြားသူမှမရှိတာကွ ဒါနဲ့ မင်းမျက်မှန်ကြီးချွတ်ထားတယ်နော် ဟီး
နောက်ဆိုအဲ့ဒါကြီးတပ်မထားနဲ့ မကောင်းဘူး""ငါတပ်ထားလည်းဒီကောင်ကိုမြင်နေရတာပဲလေ ဟွင်း"
"ဟင် ဘယ်လိုကြီးလဲကွ ပုံမှန်ဆိုမင်းမျက်မှန်တပ်ထားရင် မမြင်ရပဲအသံပဲကြားနေရတာမဟုတ်လား
အခုကျမှဘယ်လိုလုပ်မြင်နေရတာလဲ""ထားပါကြာ အခုမင်းငါနဲ့လိုက်မှာမဟုတ်လား ငါသွားတော့မယ်နောက်ကလိုက်ခဲ့ ဟိုကောင်ရောပဲ"
"မှိုင်းခေတ် မင်းတကယ်ပြောတာလား ငါမင်းနဲ့တစ်ကယ်လိုက်ခဲ့လို့ရတယ်လား"
"ငါမလိုက်နဲ့လို့ပြောလည်းမင်းဆက်လိုက်လာမှာပဲမဟုတ်ဘူးလား အာ့ကြောင့်ငါလက်ခံလိုက်တာ"
"ဟီးး ငါ့သူငယ်ချင်းကြီးကချစ်ဖို့အကောင်းဆုံးပဲ"
မှိုင်းခေတ် ရဲ့ပါးလေးနှစ်ဖက်အားဆွဲညှစ်လိုက်သည်
YOU ARE READING
The Vibrant Painting🕔 { ကျိန်စာသင့်ပန်းချီကား } { ကျိန်စာသင့်ပန်းချီကား }
Fiksi RemajaZawgyi + Unicode ဇာတ်ကောင်များအားစိတ်ကူးဖြင့်ဖန်တီးသည်😊 fictionသက်သက်သာဖြစ်သည် True story မဟုတ်😇 ဇာတ်ကောင်များအားစိတ်ကူးဖြင့်ဖန်တီးသည်😊 fictionသက်သက်သာဖြစ်သည် True story မဟုတ်😇