Zawgyi
"သားလေးရေ အဝေးကြီးတွေပြေးမဆော့နဲ့နော်
မောနေမယ် သတိလည်းထားလဲဆော့တာလည်းအရမ်းပဲ''"ဟုတ်ကဲ့မာမီ😊"
ဟုဆိုကာအပြုံးလေးနှင့်ပြန်ဖြေလေသည်။
"ကဲပါ နွယ် ရယ်မင်းကလည်းကလေးသူ့ဘာသာသူဆော့ပါစေ သူ့အရွယ်နဲ့သူပဲကိုဆော့ပါစေပေါ့"
"သြော်...ရှင်ကလည်းတော် သားလေးကကျန်းမာရေးသိပ်ကောင်းတာမဟုတ်ဘူးလေ ကျွန်မကကျွန်မသားလေးကိုစိတ်ပူလို့ပြောတာပါရှင်''
"မြိုင်''စံအိမ်ကြီးထဲတွင်အသက် ၈ နှစ်အရွယ်
T-shirt အဖြူရောင်လေးနှင့်အဝါရောင်ဘောင်းဘီလေးဝတ်ဆင်ထားသောကောင်လေးတစ်ယောက်စိမ်းနုရောင်မြက်ခင်းလေးပေါ်တွင်ပြေးလွှားဆော့နေသည်ကိုအမေဖြစ်သူကစိုးရိမ်စိတ်များဖြင့်ပြောဆိုနေခြင်းကိုအဖေဖြစ်သူကကြားမှဝင်ပြောပေးနေလေသည်..."အာ့!''
အဖေနှင့်အမေစကားပြောနေရင်းနှင့်ပင်အသံကြားရာလှည့်ကြည့်လိုက်သောအခါဖြူဖွေးနေသောအသားရေအပေါ်တွင်နီရဲနေသောသွေးစများကကြိုတင်နေရာဝင်ယူထားလေပြီ
ထိုအခါမိခင်ဖြစ်သူသည်ပြာပြာသလဲဖြစ်သွားကာ သားရှိရာသို့ပြေးသွားရင်း..."သားလေး သားလေး အမေလး ငါ့သားလေး''
ဟုဆိုကာ..သားဖြစ်သူအားပြေးပွေ့ရင်း....
"သားလေးရယ်...ဘယ်လိုဖြစ်ရတာတုန်း
အာ့ကြောင့်မာမီပြောသားပဲ အရမ်းကြီးပြေးမဆော့ပါနဲ့လို့ အခုတော့ဒူးပြဲပြီ''"ကဲပါ နွယ် ရယ် ကလေးကိုမာန်မနေပါနဲ့တော့ကွာ..
လာလာသားလေးထ အိမ်ထဲသွားမရ်ဒယ်ဒီဆေးလိမ်းပေးမရ်နော် ထ''"ဟုတ်ကဲ့ဒယ်ဒီ"
သားလေးအားပွေ့ချီကာထွက်လာခဲ့ပြီး အမေဖြစ်သူမှာလည်းနောက်ကလိုက်ပါလာခဲ့လေသည်
ဒဏ်ရာအားအရက်ပျံဖြင့်သန့်စင်ပေးပြီး
ဆေးထည့်ကာ ပတ်တီးစည်းပေးနေလေသည်
ထိုကောင်လေးမှာလည်းလူကြည့်တော့သာနုနုနယ်နယ်ကလေးနှင့် မိန်းကလေးကဲ့သို့ချောမောလှပသော်ညားလည်း
ယောကျာ်းလေးဆိုသည့်အတိုင်းပင်အော်သံတစ်ချက်မှမထွက်ပဲအနားမှာရှိသည့်မာမီ့လက်အားကျစ်ကျစ်ပါအောင်စုပ်ထားကာမျက်လုံးစုံမှိတ်လျက်အံပင်ကြိတ်ထားနေလေသည်
ထိုအခါမာမီဖြစ်သူက
YOU ARE READING
The Vibrant Painting🕔 { ကျိန်စာသင့်ပန်းချီကား } { ကျိန်စာသင့်ပန်းချီကား }
Fiksi RemajaZawgyi + Unicode ဇာတ်ကောင်များအားစိတ်ကူးဖြင့်ဖန်တီးသည်😊 fictionသက်သက်သာဖြစ်သည် True story မဟုတ်😇 ဇာတ်ကောင်များအားစိတ်ကူးဖြင့်ဖန်တီးသည်😊 fictionသက်သက်သာဖြစ်သည် True story မဟုတ်😇