01

884 53 8
                                    

မှောင်မဲ တိတ်ဆိတ်နေတဲ့ရပ်ကွက်ထဲကို ကားလေးတစ်စီးတရွေ့ရွေ့မောင်းလာတယ် ရေရေရာရာမသိတဲ့ပတ်ဝန်းကျင်တခုကိုပြောင်းရွေ့ရတဲ့အခါ ကျနော်ဘက်ကဘာမှမအံဩခဲ့ ဘာလို့လဲမေးရင် ကျနော်ကိုယ်ကျနော်ဖြစ်တည်နေတာ ဘာကြောင့်မှန်းတောင်မသိဘူးလေ....
ဒီလိုပါဘဲ အဖြေမရှိတဲ့မေးခွန်းတွေနဲ့ဘဲ ကျနော်နေသားကျခဲ့တယ် ဘယ်ကတည်းကလဲဆိုမွေးကတည်းပေါ့ ကျနော်ကမေးခွန်းလဲမမေးတတ်သလိုအဖြေလဲတစ်ခါမှမစဉ်းစားဘူးဘူး.....
ကျနော်ကိုမွေးခဲ့တာတောင် ဘာလို့လဲဆိုတဲ့မေးခွန်းမျိုးတောင် ကျနော်မမေးမိ.....
သေချာတာတခုက ကျနော်မွေးတော့ အဖေလဲမပျော်သလို အမေလဲမပျော်ဘူးဆိုတာတော့ သိတယ်.....
ကျနော်အမှားတခုကြောင့်ရလာတယ်ဘဲသူတို့ကထင်မှာ ငယ်ငယ်ကမိဘမေတ္တာအကြောင်းတစ်သီတစ်တန်းကြီးတွေပြောကြရင် ကျနော်နားမလည်တဲ့ခေါင်းစဉ်အောက်ရောက်နေသလိုဘဲ တခါမှမမြင်ဘူးမသိဘူးမကြားဘူးတဲ့ ကမ္ဘာကြီးလိုပေါ့......
ကျနော်သိတတ်စအရွယ်ရောက်တော့ အမေက ကျနော့်ကိုထားသွားတယ် မဟုတ်ဘူး ထားခဲ့တာမဟုတ်ဘူး အစကတည်းကကျနော်ကမတည်ရှိခဲ့တာ....
မျက်နာတောင်ကောင်းကောင်းမမှတ်မိဘူး မိခင်ဆိုတာနွေးထွေးတယ်ဆိုတဲ့ အကြောင်းတွေပြောလာရင် ကျနော်ရယ်မိတယ် တခါလေးတောင်အဲ့လိုအရာမျိုးကျနော်မရခဲ့ဘူးဘူးလေ....
အဖေကရော သူလဲတူတူဘဲ လိုအပ်နေလို့တာ ခဏခေါ်ထားတာ အချိန်တန်သူလဲကျနော်ကိုတည်ရှိမူကိုမေ့ပျောက်သွားမှာ....
ငယ်ငယ်ကအိမ်မှာမနေချင်ဘူး သိတတ်စအရွယ်ရောက်တော့ ထွက်ပြေးချင်လာမိသည် တဖြည်းဖြည်းကျနော်သိလာခဲ့တာက ကျနော်ကမေတ္တာတရားဆိုတဲ့ခေါင်းစဉ်အောက်တောင်မရောက်ဘူးဘူးတဲ့ကလေးတစ်ယောက်လိုဘဲ ကျနော်ကတစ်စုံတစ်ယောက်ရဲ့ဖြစ်တည်မူတောင်မဖြစ်ခဲ့ဘူး ဒါကြောင့်လဲ ကိုယ့်ရဲ့ကမ္ဘာလေးကိုတတ်နိုင်သမျှအပြင်လူဝင်လို့မရအောင်ကျူံပစ်လိုက်တယ် ပြီးတော့ကျနော်ကိုယ်တိုင်ရော တခြားလူတွေနဲ့မပတ်သတ်ဖို့နံရံခြားလိုက်တယ် ဒီလောက်ဘဲ ကျနော်ကဒီလောက်ဘဲတတ်နိုင်တယ် ပိုပိုပြီးသေးငယ်လာတဲ့အခါ ကျနော်ကမ္ဘာကပိုပြီးသက်သာလာတယ်လို့ခံစားရတယ် ထမင်းစားပွဲမှာသုံးယောက်ဆုံတဲ့အခါ ကျနော်ကအလိုက်သတိရှောင်ထွက်တယ် အစားစားတဲ့အချိန်တော့ သက်တောင့်သက်သာရှိသင့်တယ်မလား အကတည်းက ကျနော်ကတစ်ယောက်တည်းနေဖို့အကြောင်းပြချက်မလိုဘဲ တစ်ယောက်တည်းဖြစ်ခဲ့တယ်.....
.
.
.
.
.
.
.
.
'သခင်လေးရောက်ပါပြီ.......'

Just Dream!!!!!Where stories live. Discover now