04

225 38 9
                                    

အဲ့နေ့ပြီးတော့ အရာအားလုံးကပုံမှန်ဘဲ အကိုဘုရားကျောင်းသွားရအောင်လို့ခေါ်တဲ့အခါ ကျနော်ကဘာသာမဲ့ဖြစ်ကြောင်းတကူးတကမရှင်ပြမိ......

​အခန်းကျယ်ကြီးတခုကိုဝင်သွားတယ် ဟိုတစဒီတစဆုတောင်းနေကြသူရဲ့ အနောက်ခုံမှာဘဲကျနော်တို့ဝင်ထိုင်လိုက်တယ်.....
မျက်စိမှိတ်ပြီးဆုတောင်းနေတဲ့အခါ ကော့စင်းနေတဲ့မျက်တောင်မွှေးလေးတွေရယ် တခါတခါ ဆုတောင်းလို့နူတ်ခမ်းလေးစူစူထွက်လာတာရဲ့....
သေချာတာက ကျနော်ရှင်သန်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုပိုပိုသိလာလေပြီ....
ဘယ်ဘာသာမှမကိုးကွယ်တဲ့ကျနော်က ဘေးကအဝါရောင်ကောင်လေးကိုတော့ကိုးကွယ်ချင်ပါသည်...
ဘုရားကျောင်းကအထွက် ကျနော့်လက်ကိုလာကိုင်ပြီးပြုံးပြတဲ့အခါ ကျနော်ဒီတသက်ဘယ်တော့မှမလွှတ်ချင်တဲ့လက်တစ်စုံကိုပါထပ်မံရှာတွေ့ခဲ့ပြန်တယ်....
ကျနော်တို့နစ်ယောက်စလုံး တလမ်းလုံးဘာမှမပြောခဲ့ဘူး ကိုင်ထားတဲ့လက်တွေကိုသာမြဲအောင်ဆုပ်ကောင်ထားခဲ့တယ် ချစ်တယ်ဆိုတဲ့စကားကိုနစ်ယောက်သားမဆိုမိပေမယ့် အဲ့ထက်လေးနက်တဲ့အခြေနေရှိလာခဲ့တယ်.....
ပျော်ရွှင်ခြင်းနိယာမတောင် မင်းရှိမှနော်....
.
.
.
.
.
.
.
တခါတလေ ရင်ခွင်ထဲအတင်းတိုးဝင်လာတာမျိုး...
အကြောင်းပြချက်မရှိကျနော့်အကျီကိုတစ်တိတိကိုက်နေတာမျိုး...
အူးယားတဲ့အခါ ခေါင်းလေးပုတ်တယ် ပြီးရင်ရင်ခွင်ထဲတင်းကြပ်နေအောင်ဖက်တယ်...
မျက်လုံးကနေတဆင့်ကျနော်တို့ချစ်ခြင်းတရားကိုပုံဖော်တဲ့အခါ ချစ်တယ်ဆိုတဲ့စကားကတကယ်ကိုမလိုအပ်တော့ဘူး.....
.
.
.
.
.
ချန်းယောလ်ကိုအရင်လိုမတွေ့ရတော့ဘူး ပျောက်နေတာနစ်ရက်လောက်ရှိပြီ အကြောင်းပြချက်မရှိပျောက်သွားတာကြောင့်မနေနိုင်တဲ့စိတ်ကြောင့် ခြေလှမ်းတွေကခြံရှေ့......
ကျနော်ဝင်ရမလားမဝင်ရဘူးလားဆိုပြီး တွေးနေပေမယ့် ဘဲလ်တီးလိုက်ရင် ချန်းယောလ်မိဘနစ်ပါးတွေ့ရင် ဘလိုပြောရမှာခဲ တခါမှတစိမ်းတွေနဲ့စကားမပြောဘူးဘူး ချန်းယောလ်မှလွဲလို့လေ.....
ကျနော်ရဲတင်းပြီး တီးတော့ ချန်းယောလ်မေမေဆိုတဲ့လူထွက်လာတယ် အန်တီနဲ့ချန်းယောလ်ကတော်တော်များများဆင်တယ် ဥပမာပါးချိုင့်လိုနေရမျိုးလေးတွေ....

Just Dream!!!!!Where stories live. Discover now