07

303 38 9
                                    

ညနေစောင်းနေပြီဖြစ်တာကြောင့် ချန်းယောလ်အိပ်ရာကထလိုက်တယ် ဖွင့်ထားတဲ့လိုက်ကာစတွေပိတ်ပြီး အိမ်ရှေ့ကိုထွက်လာခဲ့တော့သည်....
ခြံထဲကပန်းပင်လေးတွေရေလောင်းရင်း
"ညနေကြ မေမေတို့အိမ်မှာသွားအိပ်ရမှာမေမေတို့မရှိဘူး အတာကြောင်ဆိုင်ပိတ်ပြီးရင် နောက်တခေါက်ရေပြန်လာလောင်းမယ်နော် အရမ်းကြီးအထီးမကျန်နဲ့အုန်း"
ခြံနားမှာထောင်ထားတဲ့ အဝါ​ရောင်သက်ဘီးလေးကိုဒေါက်ဖြုတ်ပြီး ခြံပြင်ထွက်လာခဲ့တယ်....
မသွားခင် အိမ်ကြီးကိုတချက်ကြည့်ပြီး ခြံတံခါးသော့ခတ်လိုက်တယ်.....

တရွေ့ရွေ့နဲ့နင်းလာရင်း နောက်ကကားဟွန်းသံကြောင့် ဘေးဘက်ကိုချက်ချင်းကပ်စီးလိုက်တယ် သူမေ့ပြီးလမ်းလည်ခေါင်တက်စီးမိတာ....
​ကားမှန်ချလာတဲ့Taxiပေါ်ကကားမောင်းသမားကို တောင်းပန်တဲ့အနေနဲ့ ခေါင်းလေးတချက်ငြိမ့်ပြကာ နောက်ကခရီးသည်ကိုပါမထင်မှတ်ဘဲဝေ့ကြည့်မိလိုက် ဆံပင်ရွှေအိုရောင်ဆိုးထားတဲ့ပုံကလွဲ ဘာမှမမြင်ရ ကားမှန်တင်လိုက်တာကြောင့် ကိုယ်လဲပြန်လှည့်လာလိုက်တော့သည်.....
ကျော်သွားပြီဖြစ်တဲ့ကားလေးကိုသူကြည့်နေမိသည် ဘာရယ်မဟုတ်ဘူး ဒီတိုင်းလေးဘဲငေးကြည့်နေခဲ့မိသည်.......

ဆိုင်အတွင်းဝင်တော့ဧည်သည်တွေမှာနေတဲ့ဟာတွေကို လိုက်မှတ်နေတဲ့လီဂျောင်းကိုတွေ့လိုက်ရသည်...
လီဂျောင်းလဲပြန်ကြည့်လိုက်တာကြောင့် ပြုံးပြလိုက်ပြီး ကောင်တာဘက်ကိုသွားလိုက်သည်....
ရေအေးလေးသောက်မည်ဆိုကာ ရေခဲသေတ္တာဖွင့်ကြည့်တော့ Bubble teaဘူးကရှိမနေတော့ချေ...,
စိတ်ထဲတမျိုးဖြစ်သွားတာကြောင့် စိတ်ပြန်လျော့ကာ သူလီဂျောင်းကိုအတန်တန်မှာထားသည် ဆိုင်ပိတ်မှသောက်ပါဆိုတာကို...
မတော်လို့များ အကိုကလမ်းမှားရောက်ခဲ့ရင်တောင်အကိုကြိုက်တဲ့Choco bubble teaလေးကိုသောက်စေချင်မိသည် ဒီနယ်မှာ ဘသူမှသိပ်မသောက်ကြတာကြောင့် အကို့အတွက်သီးသန့်လုပ်ထားတဲ့ဖျော်ရည်လေးကို....
လီဂျောင်းက အကိုနဲ့တူတာဒီတချက်ရှိတယ်သူလဲဒီbubble teaကိုကြိုက်သည်လေ...
လီဂျောင်းကို လှမ်းကြည့်တော့ ကောင်တာဘက်လာနေတာကြောင့်...

Just Dream!!!!!Where stories live. Discover now