မနက်နိုးတော့ရှေ့က ခွေးဟောင်သံကြားလို့ဆယ်ဟွန်းနိုးလာမိသည် တကယ်ဆိုမနေ့ညကလဲသူအိပ်မပျော်ခဲ့ မိုးလင်းကာနီးမှအိပ်ပျော်သွားတာ ဆယ်ဟွန်းထပြီး ပြတင်းပေါက်ဘက်လှမ်းကြည့်တော့ ဟိုအဝါရောင်ကောင်လေးဘဲ ခွေးမဲလေးတစ်ကောင်နဲ့ သူ့ခွေးကို တိုးတိုးနေဖို့အမူယာလုပ်ပြနေသည် ပြီးတော့ ခြံတံခါးဖွင့်ပြီး ပန်းပင်တွေဆီသွားပြီး ရေလောင်းဖို့ပြင်နေသည်.....
နေပါအုန်း အိမ်မှာလူရှိနေတာသိရက်နဲ့ သူကခြံထဲကိုဘာလို့ဝင်လာတာလဲ .....
.
.
.
.
.
.
ကျနော်အိမ့်တံခါးဖွင့်သံကြောင့် ရေလောင်းနေတဲ့အဝါရောင်ကောင်လေးကလှမ်းကြည့်တယ် ပြီးတော့သူ့ခွေးကပါကိုယ့်ဟောင်နေတာ....
မျက်မှောင်ကြုတ်တော့...'Heeeheee အကိုအိပ်နေတုန်းထင်နေတာ ကျနော်ကအရင်ဒီအိမ်မှာလူမရှိခင်ကတည်းက ကျနော်ရေလာလောင်းနေကြလေ မဟုတ်ရင်ဒီအပင်တွေသေကုန်မှာဆိုးလို့ပါ.....'
ကောင်လေးကပြောပြီး ပြုံးပြနေသည်....
'မနေ့ကလဲအကိုပန်းပင်တွေရေမလောင်းဘူးလေ ကျနော်လောင်းမယ်ထင်လို့ ကြည့်နေပေမယ့်အကိုကသူတို့ကိုကျော်သွားတယ် သူတို့တွေမနေ့ကဝမ်းနည်းသွားမှာ.....'
ဆယ်ဟွန်းသူ့ကိုကြည့်တော့ သူကအတည်ပေါက်ကြီးနဲ့ပြောနေသလိုကြောင့် ဆက်နားထောင်လိုက်သည်.....
'သူတို့ကထုတ်မပြောကြပေမယ် သူတို့ကကျနော်တို့ပြောတာနားလည်တယ် သူတို့ကိုသေချာဂရုစိုက်ပေးရင် သူတို့စကားနားလည်လာလိမ့်မယ်.....'
ကောင်လေးကပြောပြီးပြီးချင်း ပန်းပင်တခုနားသွားကပ်လိုက်သည် သူ့နားခေါင်းလုံးလုံးတွေနဲ့ထိပြီးပြုံးပြနေသည်...
ဒီကောင်လေးက အားရင်ကိုပြုံးနေတာဘဲ အပြုံးတွေပေါနေလိုက်တာ.....
သူ့လက်ထဲက ပန်းပင်လောင်းတဲ့ရေကရားကို ဆွဲယူပြီး သူနဲ့သူ့ခွေးကို ခြံပြင်ထုတ်လိုက်တယ်....
ပြီးတော့'ထွက်သွား...'
ကောင်လေးကနူတ်ခမ်းစူပြီး တစ်ခဏအတွင်းမှာတင် ချက်ချင်းပြုံးလာသည်....
' ဟာ အကိုစကားပြောလာပြီဘဲ ကျနော်က အကို့ကိုမပြောတတ်ဘူးထင်နေတာ.....'
