Jiyong မျက်လုံးနှစ်လုံးကို စဖွင့်လိုက်တာနဲ့
အာရုံထဲမှာ Seungri အပြုံးလေးက အရင်
တိုးလို့ဝင်လာတယ်..ပျောက်လို့ပျောက်သွားငြား ခေါင်းကို ခါထုတ်
လိုက်ပြီး ရေချိုးခန်းထဲဝင်ကာ ရေပန်းအောက်
ခပ်ကြာကြာလေးရပ်နေမိတုန်း..ဒုန်း..ဒုန်း..
" Jiyong Oppa.."
Dara အပြင်က လှမ်းခေါ်နေတ့ဲအသံ..
" ဘာလဲ "
" အမေက မြန်မြန်ဆင်းခ့ဲတော့တ့ဲ..အလုပ်
နောက်ကျနေမယ်တ့ဲ "" အေး..အေး.."
Dara လာခေါ်မှ သူ ရေချိုးတာကိုအပြီးသတ်
ပြီး အပြင်ထွက်လာခ့ဲရတယ်..ရေချိုးခန်းအပြင်ကိုရောက်တော့ Dara လည်း
အလုပ်သွားဖို့ အလှပြင်နေပြီ.." Morning.. Oppa "
" အင်း..Morning..အလုပ်ကိစ္စအဆင်ပြေခ့ဲရဲ့
လား..မနေ့က သိပ်နေမကောင်းတာနဲ့ မမေး
လိုက်မိဘူး "" ပြေပါတယ်..လာမယ့်အပတ်ထဲ ကုမ္ပဏီက
နှစ်ပတ်လည်ညစာစားပွဲရှိတယ်..ရက်နဲ့အချိန်
အတိအကျသိရင် ပြန်ပြောမယ်..အ့ဲဒါ Oppa
ပွဲတူတူတက်ပေးပါဦး "" သိပ်အကြာကြီးမဟုတ်ဘူးမလား "
" မကြာပါဘူး..မျက်နှာပြပေးရင် ရပါပြီ "
" Ok.."
Jiyong ဆီကသဘောတူညီချက်ရပြီးတာနဲ့
Dara က အခန်းထဲကထွက်သွားတယ်..ကုတင်ပေါ်မှာတော့အဆင်သင့်ထုတ်ပေးထား
တ့ဲ ဝတ်စုံနဲ့ necktie..အရင်က လုပ်ပေးနေကျမဟုတ်လို့ နည်းနည်း
တော့ထူးဆန်းနေသလားလို့..~ ဘာလို့ထုတ်ပေးသွားတာပါလိမ့်..
Jiyong သိပ်များများစားစားတွေးမနေတော့ပဲ
ကောက်ဝတ်ခ့ဲလိုက်တယ်Dara က အိမ်မှာသာ ခပ်တည်တည်နေတတ်
ပေမယ့် အပြင်မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ပေါင်း
သင်းဆက်ဆံရေးလည်းကောင်းတာမို့ Jiyong
ထက်တော့ သွက်လက်တ့ဲမိန်းမတယောက်..အလုပ်ကြိုးစားတယ်..ထက်မြက်တယ်..ဝင်ငွေ
ကောင်းတယ်..ပြီးတော့ဆံပင်အညိုရောင် အလိပ်အခွေလေးတွေက
ကျောပြင်မှာ ကပိုကရိုလေးကျနေပြီး ပါးလျပ်
နေတ့ဲကိုယ်လုံးလေး..ချစ်စရာကောင်းလွန်းတ့ဲ
မျက်နှာလေးနဲ့ Dara က အိမ်ထောင်သည်လို့
မထင်ရလောက်အောင်ကိုလှတယ်