Always...
Part 10YongBae တယောက် ခရီးရောက်မဆိုက်ပင်
Seungri ပြောတ့ဲစကားတွေကြောင့် ရင်မော
သွားရတော့တာပေါ့.." Seungri ရယ် စဉ်းစားပါဦးကွာ..မင်းရုပ်ရည်
မင်းအရည်အချင်းနဲ့ ဘယ်သူ့သွားကြိုက်ကြိုက်
ကြိုက်ချင်တ့ဲသူကိုကြိုက် ငါ ရအောင်လိုက်ပေး
မယ်..အိမ်ထောင်သည်တယောက်နဲ့တော့ကွာ
ခုလို အနေအထားကြီးကို ငါ သဘောမတူဘူး
ဟေ့ရောင်..Seung Hyun Hyungနဲ့ မင်းမိဘ
တွေ သိရင်လည်း သဘောတူမှာမဟုတ်ဘူး..
ပြီးတော့ ဟိုကအချိန်တန်ရင် သူ့မိသားစုဆီကို
ပဲ ပြန်သွားမှာ..မင်းအနားမှာ တသက်လုံးများ
နေမယ်ထင်နေတာလား "" သူ နေချင်သလောက်ပေါ့ကွာ.."
" ဟ..အ့ဲလိုလုပ်လို့ရမလား..ရှည်ရှည်ဝေးဝေး
မပြောချင်ဘူး မင်းအကို Choi Seung Hyun
မင်းမရီးလောင်းမသိအောင် တခြားယောကျာ်း
နဲ့ ဖောက်ပြန်မယ်ဆို မင်း လက်ခံမှာလား "Seungri ပြန်မဖြေနိုင်...
" ဘယ်သူကလက်ခံမှာလဲ..Kwon Jiyong
မိသားစုကရော မင်းကိုလက်ခံပေးမယ်ထင်လို့
လား..အေးချမ်းနေတ့ဲ အသိုက်အမြုံကို ဖျက်စီး
တ့ဲကောင်ဆိုပြီး မင်းကိုမုန်းကြမှာ "" ဒါပေမယ့် ငါသူ့ကို..."
" အဆက်အသွယ်ဖြတ်လိုက်.."
" YongBae..ငါ မလုပ်နိုင်ဘူး..ငါသူ့ကို.."
" ဟေ့ရောင်..စောက်ရူးထမနေနဲ့..မင်းတို့က
အစကတည်းက မလုပ်သင့်တာတွေလုပ်ထား
ကြတာပဲ..အသည်းကွဲလည်း ခဏပေါ့ "" ငါ သူ့ကိုချစ်တယ်..သူနဲ့ငါနဲ့ကြားမှာလည်း
ဘာမှကျူးကျူးလွန်လွန်မရှိပါဘူး..သူက ငါ့ကို
စကားလေးနဲ့တောင် မထိတထိမပြောခ့ဲဘူး..
ငါ့ကို သူတကယ်တန်ဖိုးထားတယ်ဆိုတာ ငါ
သိတယ်..ငါ သူနဲ့အတူတူနေရဖို့မဟုတ်ပါဘူး
ဒီတိုင်းလေး ငါ့ဘေးမှာရှိနေပေးစေချင်တာ "" ဖြစ်မလား..Seungri ရာ..မင်းဟာကမဟုတ်
သေးပါဘူးကွာ..ဒီတိုင်းလေး ရှိနေပေးစေချင်ရ
အောင် သူ့မိန်းမကမင်းတို့နှစ်ယောက်စလုံးကို
သဘောထားကြီးစွာ ခွင့်ပြုပေးမယ်လို့ ထင်နေ
တာလား ဟမ်..ဒါ မသိသေးလို့နော် သိများသိ
သွားရင် ဘယ်လောက်တောင် ပြသနာတက်
လိုက်မလဲ မင်းတို့မစဉ်းစားကြတော့ဘူးလား "