ရုတ်တရက်ဆိုတော့ ဟန်ချက်ပျက်သွားပြီး လဲ
ကျသွားတယ် ထိုးလိုက်တာ အားပါသွားတာမို့
နှုတ်ခမ်းတောင်ကွဲသွားပါလေရောလား..အထိုးခံရတာရော လဲကျသွားတာရောကြောင့်
တော်တော်နာသွားပေမယ့် Jiyong ချက်ချင်းပဲ
ပြန်ထလာပြီး.." Ri..မင်း ငါ့ကို အ့ဲလောက်တောင်စိတ်ဆိုးနေ
တာလား.."" မင်းကို ငါ.အသေပါသတ်ပစ်ချင်နေတာ ရှင်း
လား..တောက်.."မျက်ထောင့်နီနဲ့ ဒေါသတကြီးဖြစ်နေတ့ဲ ချစ်သူ
ကို Jiyong နားမလည်နိုင်စွာ.." ဘာဖြစ်နေတာလဲ Ri..ငါ့ကိုနားလည်အောင်
ပြောပါဦး..အ့ဲလိုကြီး စိတ်ဆိုးမနေပါနဲ့ "" ပြီးခ့ဲတ့ဲ တပတ်က မင်း မိန်းမ ငါ့ဆီလာသွား
တယ်..ပြီးတော့..."Seungri ဆက်မပြောနိုင်ပဲ လက်သီးတွေကိုပဲ
ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း မျက်ရည်တွေ
က ပါးပြင်ပေါ်ကို စီးကျလို့နေတယ်..Jiyong ပျာယာခတ်သွားပြီး..
" ဘာတ့ဲလဲ..သူ ဘာပြောသွားတာလဲ..ငါ့ကို
ပြောစမ်းပါ.."" မင်းအိမ်မှာ ငါတို့အတူတူနေတ့ဲ video file
ကို ပြသွားတယ်..မင်းနဲ့ဆက်ပတ်သတ်နေရင်
Hyung ဆီကို အ့ဲဟာ ပို့လိုက်မယ်ဆိုပြီး..."Seungri စိတ်ပေါက်ပေါက်နဲ့ Jiyong ကိုထပ်
ထိုးပြန်တယ်..ထပ်ထိုးခံရလို့သတိလက်လွတ်
ယိမ်းယိုင်သွားတ့ဲ Jiyong ကိုလက်ညိုးငေါက်
ငေါက်ထိုးကာ.." မင်းကြောင့်..မင်းကြောင့် ငါ ဒီလိုစော်ကားခံ
ရတာ..မင်း စိတ်ကိုအလိုလိုက်ပြီး ရှေ့နောက်
မစဉ်းစားပဲလုပ်ချင်ရာလုပ်ခ့ဲလို့ ခုလို ဖြစ်ရတာ
ငါ ဒီလောက် မင်းကို တားနေတ့ဲကြားက ဇွတ်
တွေလုပ်လို့ ခုလိုတွေ အကျပ်ကိုင်ခံနေရတာ
ထွက်သွား..မင်းမျက်နှာကို ငါမမြင်ချင်ဘူး "" Seungri..ငါ တောင်းပန်ပါတယ်.."
" တောင်းပန်တယ် ဘာကို တောင်းပန်တာလဲ
အခု ငါက အလိုတူအလိုပါပဲလေ..မင်းနဲ့အတူ
နှစ်ဦးသဘောတူညီချက်နဲ့ ဖောက်ပြန်တာလေ
မင်းရော ငါပါအပြစ်ရှိတယ် "Seungri ပြောရင်းနဲ့ ငိုနေတော့တာမို့ Jiyong
မှာ လက်ကိုဆွဲပြီး ကားပေါ်ဆွဲတင်ကာမောင်း
ထွက်လာခ့ဲလိုက်ရတယ်..