" ဟို...ရရဲ့လား..ဘာကူညီပေးရမလဲ "
Jiyong အနားတော့သိပ်မကပ်ရဲ..ဓားနဲ့ခြစ်ချ
ထားတ့ဲ ဟပ်တက်ရာအကြောင်းလိုက်ကြီးက
သွေးတွေစီးကျနေတုန်း.." ကျွန်တော့်ကို ဒီကနေ ခေါ်ထုတ်သွားပေး "
" ဗျာ.."
" ကူညီပေးရမလားဆို..ကူညီပေးပါ..ခေါ်သွား
ပေးပါဗျာ.."သူ့ပုံစံက အားနည်းနေတ့ဲပုံ တစက်မှမပေါ်..
လေသံကလည်း တောင်းပန်နေတာမျိုးမဟုတ်
ဒါပေမယ့် တခုခုကိုလိုအပ်နေသလို.." ဟို...."
Jiyong လည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိ..
မသိတ့ဲလူတယောက်ကို တာဝန်ယူခေါ်မသွား
ပေးရဲဘူးလေ..ရာဇဝတ်သားလားမသိ..ရှုပ်ရှုပ်
ရှက်ရှက်တွေလည်း သူ မပတ်သတ်ချင်..ထားခ့ဲဖို့ဆိုတာကလည်း ကိုယ်ကနှုတ်ကျွံပြီး
သွားပြီသူ့ပဲထူပေးရတော့မလို့..ပြန်ပဲထွက်သွားရမလို
ဖြစ်နေတုန်း..ထိုလူက မော့ကြည့်လာတယ်.." ကျွန်တော် ဒီနေရာမှာ ရှင်သန်လာခ့ဲရတာ
ပင်ပန်းနေပြီမို့ ခေါ်ထုတ်သွားပေးစမ်းပါ "ပြောရင်း တဟားဟားနဲ့ထရယ်ပါတော့တယ်..
~ ရူးများရူးနေတာလား..ဒီကောင်
Jiyong နည်းနည်းကြောက်လာပြီ..နောက်ကို
ခြေလှမ်းဆုတ်ချင်ပေမယ့် ထိုလူ့အကြည့်တွေ
ကညှို့ယူနိုင်စွမ်းအားရှိသလိုပဲ..နေရာကခွာလို့
ပင်မရတော့..ယောကျာ်းတယောက်ကို ဒီလောက်ကြီးနီးနီး
ကပ်ကပ်ပုံစံနဲ့ အကြာကြီးစိုက်မကြည့်ဘူးပေ..အမှန်တော့ ဘယ်သူ့ကိုမှ ဒီလိုစိတ်ဝင်တစား
မကြည့်ခ့ဲဖူးတာပါ..သူ့မျက်ဆံနက်တွေက တခုခုကို စေခိုင်းချင်နေ
တ့ဲပုံ..Jiyong ကို စိုက်ကြည့်နေလိုက်တာများ
မြွေတကောင်က သားကောင်ကို ညှို့ယူနေတ့ဲ
အတိုင်းပဲ.." ဘယ်လိုလဲ..မကူညီချင်တော့ဘူးလား..ခုန
ကပြောတော့ ကူညီမယ်ဆို.."Jiyong လည်း ဒီစကားကိုသူပြောခ့ဲတာအမှန်
ပဲမို့ အ့ဲလူရှေ့မှာ ဒူးတဖက်ထောက်ကာထိုင်ချ
လိုက်ပြီး..ဒဏ်ရာကိုတချက်ကြည့်လိုက်တယ်