Part 14 (U)

177 13 0
                                    

Jiyong က အတော့်ကိုပျော်နေရှာတာ..

အမေ ကိုယ်တိုင် ချက်ကျွေးတ့ဲ အိမ်ထမင်း
အိမ်ဟင်းကို ချစ်တ့ဲသူနဲ့ လက်ဆုံစားနေရလို့
ပျော်နေတာများ ကလေးလေးတယောက်လို
ဟန်ပင်မဆောင်နိုင်တော့ဘူး..

ထမင်းစားနေရင်းလည်း Seungri ပန်းကန်ထဲ
ကို ဟင်းတွေခဏခဏခပ်ထည့်ပေးလိုက်..သူ
ထည့်ပေးလိုက်တ့ဲ ဟင်းတွေ စားနေတာလေး
ကို တစိမ့်စိမ့်ထိုင်ကြည့်လိုက် ပြုံးပြလိုက် စား
လိုက်နဲ့..

အတော်ကို ဂဏှာမငြိမ်ဖြစ်နေတယ်..

Seungri မှာတော့ မနေတတ် မထိုင်တတ်ဖြစ်
နေပြီး Jiyong နဲ့ထပ်တူ မကြည်နူးနိုင်ပါ..

Jiyong အမေနဲ့ Dara ရှေ့မှာ ပကတိဖြူစင်နေ
သလိုမျိုးတော့ တည်တည်ငြိမ်ငြိမ်မနေတတ်..

ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ကိုယ်ဘာ
လုပ်နေတယ်ဆိုတာလည်း ကိုယ့်ကိုယ်ကိုပဲသိ
နေတာမို့ ယောက်ယက်ခတ်နေတ့ဲ စိတ်တွေနဲ့
ကတုန်ကရင်ဖြစ်လို့နေရှာတာပေါ့..

ထမင်းဝိုင်းကြီးမှာ ပါးစပ်က နားရွက်တက်ချိတ်
မတက် တဟီးဟီးနဲ့ အူးမြူးနေတ့ဲ Jiyong ကို
လည်း သူ နားကိုမလည်တော့..

မျက်စပစ်ပြလည်းမသိ..မျက်မှောင်ကြုတ်ပြလို့
လည်းမရ..လုပ်ချင်တာပဲ သိပြီး ဖြစ်လာမယ့်
အကျိူးဆက်တွေကို ဂရုမစိုက်ဘူး..တခဏတာ
စိတ်ကျေနပ်မှုအတွက်နဲ့ ရေရှည်ကိုမကြည့်ဘူး

~ Jiyong..မင်း တော်တော်ဆိုးတ့ဲကောင်ပဲ..
ကြာကြာဝါးမယ့်သွားက အရိုးကိုတော့ကြည့်
ရှောင်ရမှာလေ..မွှန်နေတ့ဲကောင်ရဲ့..

Seungri မှာ စိတ်ကနေပဲ တရစပ်မေတ္တာပို့နေ
ရပါတော့တယ်..

တကယ်တော့ ဒါဟာ ဘယ်သူ့အမှားပါလို့
လက်ညှိုးထိုးအပြစ်တင်လို့မရပါဘူးလေ...

Jiyong အတွက်ကဆန္ဒလည်းမရှိ..ဘာဖြစ်ချင်
လို့ ဖြစ်ချင်မှန်းလည်းမသိပဲ နေလာခ့ဲ့တ့ဲ ရက်
တွေက အတော်ကိုများခ့ဲတာမလား..ရင့်ကျက်
သင့်တ့ဲအရွယ်မရောက်ခင်ကတည်းက တမင်
ဘောင်ခတ်တာခံထားခ့ဲရတ့ဲ စိတ်ပိုင်းဆိုင်ရာ
ခံစားချက်တွေနဲ့ရင်ခုန်တတ်တ့ဲနှလုံးသားလေး
ဟာ Seungri နဲ့တွေ့လို့ ပွင့်ထွက်လှုပ်ခတ်ခ့ဲရ
ပေမယ့် တခါထပ်ပြီးထိန်းချုပ်ထားခ့ဲရပြန်တယ်

Always ( Completed ) Zgyi+UniWhere stories live. Discover now