ဒီလိုနဲ့ မနက်တိုင်း ညနေတိုင်း Jiyong
တယောက် Seungri ရှိရာကို အပြေးတပိုင်း
ရောက်လို့သွားကာ အတူတူရှိနေတတ်ပါပြီ..သူ့အမေနဲ့ Dara ကို အကြောင်းပြချက်မျိုးစုံနဲ့
လိမ်ညာကာ လစ်ထွက်လာတတ်နေပါပြီ..တခါတရံ Seungri ကို သူ့ရုံးခန်းထဲအထိကို
အလည်ခေါ်လာပြီး စိတ်ကြိုက်ဝင်ထွက်ခွင့်ကို
ပါ ပေးထားလိုက်ပါပြီ..သူ့ကားထဲမှာလည်း Lavendar ရန့ံတွေကြိုင်
သင်းလို့နေပြီး အစားအသောက်ခုံမင်တတ်တ့ဲ
Lover seat မှာ ထိုင်နေကျ Seungri အတွက်
Snack မျိုးစုံလည်း ကားထဲမှာ အစီအရီထည့်
ထားပေးတတ်ပါပြီ..Seungri ပိုက်ဆံထုတ်ရှင်းတ့ဲနေ့ဆို ဈေးမကြီး
တ့ဲ စားသောက်ဆိုင်တွေသွားထိုင်ဖို့ စုံစမ်းခ့ဲပြီး
သူ ကျွေးဖို့ဆုံးဖြတ်ထားရင်တော့ အနည်းဆုံး
3 stars recommend အထက်ရှိတ့ဲဆိုင်တွေ
ကိုပဲ ရွေးသွားတတ်နေပါပြီ..အပြန်အလှန်ပို့တဲ့messageတွေကို ခဏခဏ
ဖွင့်ကြည့်ကာ တသိမ့်သိမ့် ပြန်ကြည်နူးနေမိပြီး
မဖျက်ပစ်ပဲ တယုတယသိမ်းထားတတ်နေပါပြီအရင်ကဆို ဖုန်းထဲမှာ selfie တပုံတောင်မရှိ
ခ့ဲတ့ဲသူ..အခုတော့ Gallery ထဲမှာနှစ်ယောက်
အတူတူရိုက်ထားတ့ဲselfieတွေ..သူကိုယ်တိုင်
ရိုက်ပေးထားတ့ဲ Seungriရဲ့ portrait ပုံတွေ..
ရုပ်ပျက်ဆင်းပျက် snap ပုံတွေ..ပြည့်လွန်းလို့
လျှံနေခ့ဲပြီး..တနေရာရာရောက်လို့ Seungri
Post မပေးရသေးခင် ဓာတ်ပုံရိုက်ပေးဖို့ ဖုန်း
အဆင်သင့်ထုတ်တတ်နေပါပြီ..Seungri ဆိုသမျှ သီချင်းတိုင်းကို အမြဲတမ်း
နားထောင်နေရတာတောင် အားမရလို့ပါဆိုပြီး
သူကိုယ်တိုင်ကိုယ်ကျပင် studio တခုနဲ့ချိတ်
ဆက်ကာ Seungriကိုအသံသွင်းစေခ့ဲပါတယ်
ပြီးတာနဲ့ သူတယောက်တည်းနားထောင်ဖို့
တခွေတည်းသာထုတ်ခ့ဲတ့ဲအထိ အတ္တလည်း
ကြီးတတ်နေပါပြီ..Seungri ရဲ့အသံအိုးကို သူ့အသက်လောက်
တန်ဖိုးထားကာ ပူလွန်းအေးလွန်းတာတွေနဲ့
အချိုတွေမစားဖို့ ဖုန်မဝင်ဖို့ ဂရုစိုက်ဖို့ တတွတ်
တွတ် သတိပေးတတ်နေပါပြီ..Stage ပေါ်မှာ သီချင်းဆိုနေတ့ဲ Seungri ကို
အောက်ကနေ ပါရမီဖြည့်ပေးနေတ့ဲ ပရိသတ်
အဖြစ် ဝေဖန်ထောက်ပြတာတွေပါလုပ်တတ်
လာပြီး အတိုက်အခိုက်ရှိလာရင်လည်း ရှေ့က
နေ ရှိသမျှ ပိုက်ဆံရော အာဏာရော အကုန်
ထုတ်ကာ ဖြေရှင်းကာကွယ်ပေးတတ်လာပါပြီ