2

8.5K 503 67
                                    

Zawgyi


မနေ့ညကတည်းက မတိတ်တဲ့မိုးက အခုမနက်ခင်းအထိတစ်ဖြောက်ဖြောက်နဲ့ အေးစိမ့်စိမ့်ကလေးဖြစ်နေခဲ့သည်၊ ဒီလိုမိုးအေးပုံမျိုးနဲ့ဆိုရင် ဒီမနက်ခင်းတော့ဆိုင်ကိုလူသိပ်ကျလောက်မှာမဟုတ်ဟု သူတွေးလိုက်မိသေးသည်၊ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီး မှန်တံခါးမှာကပ်ထားတဲ့ Closed ကိုတဲ့ဆိုင်းဘုတ်လေးကို Open ဘက်ကိုသူလှည့်လိုက်သည်။

သူငယ်ချင်းဖြစ်သူနဲ့ စိတ်တူကိုယ်တူကိုယ်ဝါသနာပါရာ ကော်ဖီဆိုင်လေးစပ်တူဖွင့်ထားတဲ့ Jung Kook ဘဝလေးက သိပ်လည်းအေးချမ်းလှသည်၊ မိဘလုပ်ငန်းတွေရှိပေမယ့် စိတ်မဝင်စားခဲ့တဲ့သူကကျောင်းပြီးတဲ့အထိ ဝါသနာပါရာအချက်အပြုတ်သင်တန်းတွေကိုသာလိုက်တတ်ဖြစ်ခဲ့သည်၊ အခုဒီဆိုင်လေးကိုလည်း သူ့သူငယ်ချင်း Tae Hyung နဲ့စပ်တူဖွင့်ထားခဲ့သည်မှာ ငါးနှစ်ကျော်ခြောက်နှစ်လောက်ပင်ရှိနေပြီဖြစ်သည်။

အသက်သုံးဆယ်ငါးနှစ်ဆိုတာ ငယ်တော့တဲ့အရွယ်မဟုတ်ပေမယ့် သူကတော့တစ်ကိုယ်တည်းလူပျိုကြီးဘဝလေးကိုနှစ်ခြိုက်မိနေတုန်း၊ အရင်ကဆို တစ်ပတ်သုံးကြိမ်လောက်ဆိုင်ကိုလာပြီး မိန်းမယူဖို့ပြောတဲ့ Omma လည်း မတုန်မလှုပ်သူ့ပုံစံကြောင့် လက်လျှော့သွားပုံရသည်။

Omma စိတ်တိုင်းကြ အိမ်ထောင်ဖက်တွေ့တာကို သုံးလေးကြိမ်လောက်တော့လုပ်ဖူးသည်၊ အေးစက်စက်သူ့ကို ကောင်မလေးတွေကပျင်းသွားပုံရကာ တပ်ခေါက်ပြန်သွားတာကခပ်များများပင်။

"ချွင်း!......"

မှန်တံခါးတွန်းဖွင့်သံနဲ့အတူ ဝင်လာတာက Tae Hyung ၊ လက်ထဲကမနိုင်မနင်းသယ်လာတဲ့ အထုပ်ပလုပ်တွေကြောင့် သူခပ်မြန်မြန်သွားဆွဲပေးလိုက်ရသည်။

"ကွား! မိုးကရောက်မှပဲရုတ်တရက်ကြီးသဲလာရတယ်လို့.......''

မကျေမနပ်ပြောနေတဲ့ Tae Hyung စကားကို သူပြုံးပြီးသာနားထောင်ပြီး တပတ်အဖြူတစ်ထည်ထုတ်ကာ Tae Hyung လက်ထဲထည့်ပေးလိုက်သည်။

"ကျေးဇူးပဲ......မင်းက ဒီနေ့ရောက်တာစောလိုက်တာ.......''

"ငါမနေ့က ဒီမှာပဲအိပ်တာ.......''

SpareWhere stories live. Discover now