Zawgyi
"ကူကူရေ သားအဖေကို ထမင်းစားဖို့သွားခေါ်ပေးအုံး......''
အဲ့ဒါတွေကြောင့် Jung Kook အိမ်မပြန်ချင်တာလည်းပါသည်၊ ဧည့်ခန်းမှာထိုင်ဖို့ပြင်ရုံရှိသေးတယ် ထွက်ပေါ်လာပါတဲ့ မွေးသမိခင်ရဲ့အသံ၊ မေမေက သူအိမ်ပြန်တဲ့ရက်တွေဆိုရင် ဆယ်နှစ်ဆယ်လီ မခိုင်းရသမျှတွေကို အတိုးချပြီးခိုင်ဖို့ပြင်ထားတယ်ထင်ရလောက်အောင်ကို ပိစိလေးကအစအလွှတ်မပေးပဲခိုင်းတတ်သည်။
ကူကူရေ ရေခပ်ပေးပါအုံး...ကူကူရေ ပန်သီးလေးစိတ်ပေးပါအုံး....ကူကူရေ ဆံပင်ဖြူနှုတ်ပေးပါအုံးကအစ ခိုင်းချင်တာများကို ချမှတ်ထားတယ် ထင်ရအောင်အကွက်စေ့လှသည်၊ ဒါတောင်ဆံပင်ဖြူနှုတ်ပေးတဲ့ကိစ္စကနောက်ပိုင်း Jung Kook မျက်လုံးသိပ်မကောင်းဘူးပြောထားလို့လျှော့သွားတာဖြစ်သည်။
"ကူကူရေ ထမင်းစားပြီးရင် မေမေနဲ့ဈေးလိုက်ပေးအုံး....ဂင်ချီလုပ်ဖို့ မုန်ညင်းထုပ်သွားဝယ်ရမယ်......''
မလိုက်ချင်ဘူးပြောလည်း ရမှာမဟုတ်တာကြောင့် Jung Kook ခေါင်းသာညိတ်ပြလိုက်သည်၊ ထမင်းစားပြီးတော့ မေမေက ခြင်းတစ်ခုကို Jung Kook လက်ထဲကိုထည့်ပြီး ပိုက်ဆံအိပ်ကို ချိုင်းကြားညှပ်ကာ ဈေးသွားဖို့ဦးတည်တယ်၊ Jung Kook ကတော့ အနောက်ကနေကုပ်ကုပ်ကလေးပါလာတာပါပဲ။
"ကူကူ ဒီမှာကြည့်စမ်း လိမ္မော်သီးတွေချိုမယ်ပုံပဲ......လာ သားအဖေအတွက်ဝယ်သွားရအောင်......''
လိမ္မော်သီးတွေ့ရင် လိမ္မောသီးဝယ်တယ်၊ ပန်းသီးတွေ့ရင် ပန်းသီးဝယ်တယ်၊ အဆုံးသတ်ကျတော့ Jung Kook ဆွဲရတဲ့ခြင်းကြီးကတဖြည်းဖြည့်ပြည့်လာတာပဲအဖက်တင်တယ်၊ ဘယ်သူ့အတွက်လဲမမေးနဲ့ သေချာပေါက်သူ့ယောက်ျားအတွက်ပဲ Jung Kook အတွက်မပါဘူး။
"ကူကူကြည့်စမ်း စတော်ဘယ်ရီသီးတွေ လက်ဆတ်နေရောပဲ သားအဖေသိပ်ကြိုက်မှာ....နည်းနည်းလောက်ဝယ်သွားရအောင်.....''
"မေမေ့!!....."
ပြောစကားမဆုံးပါဘူး စတော်ဘယ်ရီသီးတွေ Jung Kook ခြင်းထဲရောက်လာပြန်ပါတယ်။
"မေမေတော်ပြီလေဗျာ လာဝယ်တာ မုန်ညင်းထုပ်လေ.....အခုက ဖေဖေ့အတွက်ဝယ်တာတွေနဲ့ပဲ တစ်ခြင်းလုံးပြည့်နေပြီ......''