Zawgyi
အပြင်ထွက်ခါနီး ဆိုင်ထဲမှာဟိုရှာဒီရှာလုပ်နေတဲ့ Jung Kook ကို ကော်ဖီဖျော်နေရင်း Tae Hyung ကြည့်နေတာတော်တော်ကြာပြီဖြစ်သည်၊ မေးလည်းမမေး ပုံစံကလှုပ်စိလှုပ်စိနှင့် ထိုယုန်ဖြူကောင်ကို Tae Hyung တော်တော်လေးလည်း မျက်စိစပါးမွှေးစူးနေပြီဖြစ်သည်၊ နောက်ဆုံးမနေနိုင်တော့တဲ့အဆုံး ဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ Jung Kook လက်ကိုဖမ်းဆွဲလိုက်ကာ......
"မင်းဒီနေ့ စာကြည့်တိုက်သွားဖြစ်အုံးမှာလား........''
"ဟေ!......."
မေးလိုက်ပြန်တော့လည်း သူ့ကိုယ့်သူဘာလုပ်လို့လုပ်နေမိမှန်းမသိဘဲ ပြူးကြောင်ကြောင်နှင့် Tae Hyung ကိုပြန်ကြည့်လာခဲ့ပြန်သည်၊ အဲ့လိုကြောင်တောင်တောင်အပြုအမူမျိုးတွေကို Jung Kook က ကန်ထရိုက်ဆွဲပြီးသိမ်းကျုံးယူထားတဲ့သူ၊ Tae Hyung သက်ပြင်းချကာ ခေါင်းကိုခါယမ်းလိုက်မိသည်။
"ကျစ်! မင်းဘာရှာနေတာလဲ......မင်းရှာနေတာနဲ့ပဲ ဒီနေ့ကစာကြည့်တိုက်သွားဖြစ်အုံးမှာလား Jung Kook ရယ်.......''
"ဪ ဟုတ်သား......ငါ့ထီးအဝါလေးဘယ်ရောက်သွားလဲ မိုးရွာနေတယ်လေ ငါယူသွားမို့.......''
"ထီးရှာနေတာပဲ အစောကြီးကတည်းက ငါ့ကိုမမေးဘူး......မရှိတော့ဘူး မင်းထီးကို မနေ့က ဟိုကောင်လေးစုံတွဲကို ငါခဏငှါးလိုက်တယ်......ရော့ငါ့ထီးယူသွား......''
Tae Hyung အဖြေအဆုံးမှာ Jung Kook မျက်နှာလေးကစူပုတ်သွားသည်၊ Jung Kook ရဲ့စွမ်းရည်တွေက တစ်ခါတစ်လေကြောင်တောင်တောင်နိုင်သလို တစ်ခါတစ်လေလည်း မထင်ရင်မထင်သလိုစွာတတ်ပါသေးသည်။
"မင်းငှါးချင်ရင် မင်းထီးမင်းငှါးပေါ့ ငါ့ထီးကိုငှါးလိုက်စရာလား........''
"အမလေ Jeon Jung Kook ရယ် မနေ့ကသူတို့ကလောလောလောလောနဲ့မို့လို့ ပြီးတော့ မိုးရေထဲဒီတိုင်းပြေးနေရင်လည်းမြင်မကောင်းလို့ ငါလည်းတွေ့တဲ့ထီးကိုခဏငှါးလိုက်တာပါကွာ........''
"တွေ့တဲ့ထီးငှါးတာ ငါ့ထီးငှါးစရာလား......''
စူပွပွနဲ့ပြောနေတဲ့ Jung Kook ဟာ ကျေနပ်ပုံသိပ်မရ၊ Tae Hyung ကမ်းပေးနေတဲ့ထီးကို ခပ်ဆောင့်ဆောင့်ယူပြီးထွက်သွားတယ်၊ နှုတ်ခမ်းကိုဘဲနှုတ်သီးအလားစူထော်ပြီး ထွက်သွားခါနီး Tae Hyung ကို မျက်စောင်းထိုးသွားဖို့ကိုလည်းမမေ့ဘူး၊ စိတ်ဆိုးပြီးထွက်သွားတဲ့ Jung Kook နောက်ကျောကိုကြည့်ပြီး Tae Hyung တစ်ယောက် ခေါင်းခါရင်းသာကျန်ခဲ့ရသည်။