Zawgyi
မိုးမရွာလို့ရာသီဥတုကကြည်ကြည်လင်လင်နဲ့သာယာနေပေမယ့် မသာယာနိုင်တဲ့သူကတော့ Jung Kook ပင်ဖြစ်သည်၊ အိမ်ထောင်ဖက်တွေ့ပေးတာတွေမလုပ်တော့ပေမယ့် တစ်ပတ်ကိုတစ်ခါလောက် သူ့အမေစိတ်တိုင်းကျသူမသွားချင်တဲ့နေရာတွေကိုလိုက်ပို့ပေးရသည်၊ အခုလည်း ကုန်တိုက်တစ်ခုကိုရောက်နေတာဖြစ်သည်။
"ကူကူမြန်မြန်လာစမ်း ဒီအင်္ကျီ မင်းအဖေနဲ့လိုက်တယ်မှတ်လား......''
လာပြန်ပြီကူကူ၊ မေမေက အခုချိန်ထိသူ့ကိုငယ်နာမည်ခေါ်နေတုန်း၊ အဲ့နာမည်ကြားရင် Jung Kook တအားရှက်တာပဲ ကလေးကလားနဲ့ဘယ်လောက်တောင် ပေါကားဆန်လိုက်တဲ့နာမည်လဲလို့။
"မေမေအဲ့နာမည်ကြီးက အိမ်မှာပဲခေါ်စမ်းပါဗျာ......''
"ဟဲ့အပြင်မှာခေါ်တော့ဘာဖြစ်လဲ နှုတ်ကျိုးနေပြီ ပြင်မရဘူး......''
အဲ့လိုပါပဲ Jung Kook နဲ့သူ့အမေဆိုတာ သားအမိလား သူငယ်ချင်းလားမကွဲဘူး အမြဲတစ်ကျတ်ကျတ်ပဲ၊ အနေအေးတဲ့ဖေဖေကတော့ သားအမိနှစ်ယောက်ကြားက ငြိမ်းချမ်းရေးခိုဖြူလေးပေါ့။
"ကူကူလာကြည့်စမ်းပါ ဒီအင်္ကျီ နင့်အဖေနဲ့လိုက်တယ်မှတ်လား......''
"မေ့မေ့ယောက်ျားက မေမေဘယ်လောက်ဆင်ဆင်နောက်မိန်းမမရတော့ဘူး.....သားကိုသာဝယ်ပေး.......''
"အမလေ ဆုတောင်းလေကူကူရယ် ငါ့ယောက်ျားနောက်မိန်းမမရလည်း ငါ့မျက်စိရှေ့မှာ ချောနေခန့်နေသန့်နေဖို့လိုတယ်.......နင်လည်း မနာလိုရင်မိန်းမယူလေ....ကိုယ်တိုင်ကျ အဖြစ်မရှိဘဲနဲ့......''
"မေမေ သားအမိချင်းမနှိမ်နဲ့နော်......''
"အံမယ် ငါ့စကားက ဘယ်နားနှိမ်တာပါသွားလို့လဲ မှန်တာပဲပြောနေတဲ့ဟာ.......''
"တော်ပြီဗျာ သားငွေရှင်းကောင်တာမှာစောင့်နေမယ် မေမေပြီးရင်လာခဲ့........''
မေမေ့ကိုစိတ်တိုပြီး လက်တွန်းလှည်းကြီးကိုဆွဲကာ Jung Kook ကောင်တာဘက်လျှောက်လာခဲ့လိုက်သည်၊ ကောင်တာမှာ လူသိပ်မများသောကြောင့် သိပ်တန်းမစီလိုက်ရ၊ သူ့ရှေ့မှာနှစ်ယောက်လောက်သာရှိသည်၊ သူ့ရှေ့က အဒေါ်ကြီးက ရုတ်တရက်အနောက်လှည့်ကြည့်တော့ သူလည်းယောင်နနနဲ့ဟီးခနဲရယ်ပြလိုက်မိတယ်၊ အဒေါ်ကြီးကတော့ အပြုံးမြမြလေးနဲ့သူ့ကိုငါးစက္ကန့်လောက်ကြည့်ပြီးမှရှေ့ကိုပြန်လှည့်သွားသည်၊ Jung Kook လည်း အိုးတိုးအမ်းတမ်းနဲ့ဖင်ကုတ်ခေါင်းကုတ်ဖြစ်သွားတယ်။