Zawgyi
မျက်လုံးဖွင့်ဖွင့်ချင်း လူတစ်ကိုယ်လုံးတင်းကြပ်နေအောင်အဖက်ခံထားရတာကြောင့် Jung Kook အသက်တောင်ရှူလို့မရ၊ ခွေးကောင်လေးက လူတစ်ကိုယ်လုံးကိုခွလုံးအလား ဖက်ရုံတင်မဟုတ် ခြေထောက်တွေနှင့်ပါသိမ်းကျုံးခွထားသေးသည်၊ မျက်လုံးထောင့်ကမြင်နေရတဲ့ ကုတင်အောက်ပြုတ်ကျနေတဲ့ ခွခေါင်းအုံးလေးကတော့ Jung Kook ကိုပြောင်ပြနေသည့်အလားပင်။
"အင့်! လွှတ်! လွှတ်ပါအုံးဟ!......."
ဖက်ထားတဲ့လက်တွေကိုဖယ်ထုတ်လို့ရရုံရှိသေး ပြန်အဖက်ခံလိုက်ရတာကြောင့် Jung Kook မျက်နှာကသူ့ရင်ဘက်ကိုအင့်ခနဲ့ပြေးကပ်သည်၊ လူတစ်ကိုယ်လုံးသိမ်းကျုံးဖက်ထားပြီး ပြန်အိပ်နေတာများ ကုလားသေကုလားမော၊ အခုနေ ဒီအရိုင်းတုံးကို မဒိန်းတက်ကျင့်သွားရင်တောင် သူ့ကိုဘာလုပ်သွားတယ်ဆိုတာသိလိုက်မှာမဟုတ်ဘူး၊ ရုန်းနေရင်းမှ ရုန်းလည်းမရ လှုပ်လို့တောင်မရတဲ့အခြေအနေတစ်ခုမှာ မနက်စောစောစီးစီး Jung Kook တစ်ယောက်အားတွေကုန်ပြီးချွေးပြန်လာတယ်၊ ထောင်းခနဲထွက်လာတဲ့ဒေါသနဲ့အတူ လူကပါကျွဲမြီးတိုလာခဲ့သည်။
"အင်း! ကဲ့ဟာ!......"
"အား! သေပါပြီ!......"
စိတ်တိုတိုနဲ့သကောင့်သားရင်ဘက်ကို Jung Kook သူ့ရဲ့ယုန်သွားချွန်ချွန်တွေနဲ့ မနာနာအောင်ကိုက်ပစ်လိုက်တယ်။
"ခင်ဗျား ဘာလုပ်တာလဲ!.....''
ထိုအခါမှအလူးအလဲထထိုင်ပြီး ပြူးတူးပြဲတဲ့နဲ့ သူ့ရင်ဘက်ကိုလက်နဲ့ပွတ်ပြီး လူကိုမျက်လုံးစိမ်းကြီးနဲ့ကြည့်နေတာများ သူကပဲနာအံ့ရှိသေးတယ်၊ သူကြည့်တော့လည်း Jung Kook ဘက်ကသူ့အကြည့်တွေထက်မလျှော့တဲ့အကြည့်စူးစူးတွေနဲ့ပြန်ကြည့်ပေးလိုက်တယ်၊ ပြီးကာမှရန်တွေ့ဖို့ရန်အတွက် ချက်ချင်းထထိုင်လိုက်ကာ Jimin ရဲ့ နထင်ကိုလက်ညှိုးနဲ့ထိုးကာထိုးကာဖြင့်.....
"အံမာ မင်းကပဲပြောရတယ်ရှိသေးတယ် ငါ့တစ်ကိုယ်လုံးကို သိမ်းကျုံးပြီးဖက်ထားတာက မင်းလေ! မင်း! မင်း!......"
နှာတစ်မှုတ်မှုတ်နဲ့ဒေါသထွက်နေတဲ့ အရှေ့ကလူကြီးပေါက်စလေးကို ရယ်ချင်ပေမယ့် Jimin သူ့မျက်နှာကိုမရယ်မိတောင်အတင်းထိန်းထားတယ်၊ အိပ်ယာထစ စူပုတ်ပုတ်မျက်နှာနဲ့ နှုတ်ခမ်းတွေကိုထော်ထားတာများ ဘဲနှုတ်သီးတောင် အရှုံးပေးရလောက်သည်။